ယင်းမာပင် အကြမ်းဖက်မြေ သိမ်းမှု ပြေလည်ရေး တိုင်းရဲမင်းကြီး ကတိပြု

မတ်လ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ရွာ မှာ မြေယာသိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့ကိစ္စ ကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့ တိုင်းရဲမင်းကြီးက ကတိပေးသွားကြောင်း မုံရွာဆေးရုံ ကို ရောက်ရှိနေတဲ့ မုံရွာမြို့ ဝေဠုဝန်ကျောင်းတိုက်က ဦးဇနကက မိန့်ပါတယ်။

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: AFP

မတ်လ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ရွာမှာ မြေယာသိမ်းဆည်းတာနဲ့ ပတ်သက်ပြီး  ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့တဲ့ကိစ္စကို ပြေလည်အောင် ဖြေရှင်းဆောင် ရွက်ပေးမှာဖြစ်တယ်လို့ တိုင်းရဲမင်းကြီးက ကတိပေးသွားကြောင်း မုံရွာဆေးရုံကို ရောက်ရှိနေတဲ့ မုံရွာမြို့ ဝေဠုဝန်ကျောင်းတိုက်က ဦးဇနကက မိန့်ပါတယ်။

တိုင်းရဲတပ်ဖွဲမှူးနဲ့အတူ အရာရှိကြီးတွေ မတ်လ ၈ ရက် မနေ့မနက်ပိုင်းက မုံရွာဆေးရုံကို လာရောက်ကြည့်ရူခဲ့ပြီးတဲ့နောက် အဲဒီလို ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီနေ့က အဖမ်းခံရသူ ဦးဇနကနဲ့ နှစ်ဦးကို  အုံတုံပင်ရွာမြောက်ဘက် ရဲတပ်ရင်း ၂၈ ကို ခေါ်ဆောင်သွားခဲ့ပြီး၊ မွန်းလွဲနှစ်နာရီကျော်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးဇနက မိန့်ပါတယ်။

"၂၈ ရဲတပ်ရင်းထဲမှာပဲ ဖမ်းထားပြီးတော့ ပြန်ပြီးတော့ လွှတ်ပေးလိုက်တာ၊ သူတို့က စောစောတုန်းက ရွာပြန်ကြွမှာလား၊ မြို့ကိုပြန်ကြွမှာလားလို့ပြောတယ်၊ ပို့ပေးမယ်လို့တော့ပြောတယ်၊ မုံရွာကို ဦးဇင်းတို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလိုက်တာပေါ့"

မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေရဲ့ ထန်းပင် ၇၀ ကျော်ကို စက်ယန္တရားကြီးတွေနဲ့ ဝင်ရောက်ဖြိုလှဲဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။ အဲသလို စက်ကြီးတွေနဲ့ ဖျက်ဆီးနေတာကို ဓါတ်ပုံရိုက်တဲ့အတွက် ဦးဇနက ဖမ်းဆီးခံရတာဖြစ်တယ်လို့ အတူအဖမ်းခံရတဲ့ တူဖြစ်သူ ကိုစိုးသူက ပြောပါတယ်။

ဦးဇနကကို ဦးတင်အောင်ခိုင် ဆက်သွယ်လျောက်ထား မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org