ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး

2021.04.04
ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြည်သူတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှာ ဧပြီ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခံရတဲ့ ရွာသား ခြောက်ယောက်မှာ နှစ်ယောက်် သေဆုံးသွားလို့ မုံရွာဆေးရုံကြီးကို အလောင်း လာယူဖို့ ဧပြီ ၄ ရက်၊ ဒီနေ့မနက် ရွာကို ဆက်သွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ယင်းမာပင် ရဲကနေတဆင့် လှမ်းပြောတယ်။ နှစ်ယောက်သေတာ အလောင်းလာယူဖို့ဆိုပြီး ဆက်တယ်။ သေဆုံးသူတွေက ဘယ်သူတွေမှန်း မသိရသေးဘူး။ အလောင်းသွားယူဖို့ကို ခက်ခဲနေတယ်"လို့ သပြေအေးရွာက ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

အခုလ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ယာဥ်တန်းတွေဟာ သပြေအေးကျေးရွာ ဘုန်ကြီးကျောင်းကို ရောက်ရှိ လာချိန် ဒေသခံတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျေးရွာအတွင်းက အမျိုးသမီး၊ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေဟာ ရွာကနေ တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

အဲဒီနေ့က ဖြစ်စဥ်မှာ ဒေသခံတွေဘက်က ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။