မြန်မာကို အင်ဒိုသမ္မတ ချီးကျူး
2011.12.09

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်နေတဲ့ လေးကြိမ်မြောက် ကမ္ဘာ့ ဒီမိုကရေစီဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ သမ္မတ Yudhoyono က အခုလို ပြောလိုက်တာပါ။
အစည်းအဝေး ဖွင့်ပွဲမှာ သမ္မတ Yudhoyono က ကမ္ဘာ့ ဒီမိုကရေစီ ဖြစ်စဉ်တွေကို ထည့်သွင်း ပြောဆိုခဲ့ရာမှာ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု နောက်ပိုင်း ရင်ဆိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတချို့ရဲ့ အဖြစ်အပျက်တွေကို ဥပမာပေး ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ ထိပ်တိုက် ရင်ဆိုင်ရတတ်တဲ့ အခြေအနေ အပါအဝင် အသွင်ပြောင်းလဲရေးကာလ ပြဿနာတွေကိုလည်း အင်ဒိုနီးရှား သမ္မတက သတိပေးသွားပါတယ်။
ကမ္ဘာ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ဘာလီကျွန်း ဒီမိုကရေစီ အစည်းအဝေးမှာ… ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ ပြည်သူတွေရဲ့ ပါဝင်မှု တိုးတက်စေရေးနဲ့ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေး စတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။