အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ခရီးစတင်
2011.05.18

(Photo: RFA)
ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Yun ဟာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အစိုးရ အဆင့်မြင့် အရာရှိတွေ၊ နိုင်ငံရေး ပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ NGO အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စီးပွားရေး နယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ Mr Toner က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ၊ ဒါ့ပြင် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံမှာ မေလ ၂၁ ရက်နေ့ အထိ နေထိုင်မယ်လို့လဲ Mr. Toner က ပြောပါတယ်။
ဒီအတောအတွင်း အန်အယ်လ် ပါတီ အနေနဲ့ မစ္စတာယွန်ရဲ့ ခရီးစဉ်ကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ထိရိုက် ထိတွေ့ ဆက်ဆံတဲ့ မူဝါဒကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတာကို ထောက်ခံ အားပေးကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun ဟာ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပ အပြီး ၁ လအကြာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်အစိုးရ အရာရှိတွေနဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံတဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြပါလိမ့်မယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |