အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု တင်ပြချက်
2016.10.17
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၅ ဦးအထိရှိနေပြီး ၁၅၈ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ပျောက်ဆုံးသူ အများအပြားရှိနေဆဲဖြစ်ပါတယ်။ ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်သွားတဲ့ ရေယာဉ်ကို ရှာဖွေနေပေမယ့် လက်ရှိအချိန်အထိ မတွေ့သေးပဲ အဲဒီ မော်တော်ယာဉ် အတွင်းပိုင်းထဲမှာ သေဆုံးသူတွေ အတော်များများရှိနိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။