အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့်သူကို ဘောလခဲ မဲဆန္ဒရှင်တွေ မျှော်လင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်း နှစ်ခုလုံးမှာ ကယားပြည်နယ်၊ ဘောလခဲမြို့ရဲ့အပြောင်းအလဲ ထင်သလောက် ခရီးမပေါက် ခဲ့တာကြောင့် တကယ်ပြောင်းလဲပေးနိုင်မယ့်သူကို မျှော်လင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေက ပြည်သူတွေရှေ့ အလျှိုလျှို ပြန်ပေါ်လာကြပါပြီ။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲနှစ်ကြိမ်ပေးဖူးတဲ့ ကယားပြည်နယ်၊ ဘောလခဲခရိုင်က ပြည်သူတချို့ကတော့ အစိုးရသက်တမ်း နှစ်ခုသာ ကုန်ဆုံးသွားပြီး ဘာမှ သိသိသာသာပြောင်းလဲခဲ့တာ မရှိဘူးလို့ ဝေဖန်နေကြပါတယ်။
ဘောလခဲမြို့နယ်ထဲက ရွာသစ်မြို့မှာနေထိုင်တဲ့ ဦးတိုးအောင်က ကိုယ်စားလှယ်တွေက အနိုင်ရပြီးရင် ပြည်သူတွေကို မေ့သွားကြတယ်လို့ဆိုပါတယ်။
“မြင်တဲ့အတိုင်းပဲလေ ပြည်ခိုင်ဖြိုး လက်ထက်ကတည်းက ဘာတစ်ခုမှ ဖြစ်မလာဘူးပဲ။ အခု ငါးနှစ် သက်တမ်းမှာ ရွာသစ်မှာဆိုရင် ဘာမဆို၊ လမ်းကအစပေါ့၊ သွားလာတာ ခင်းဗျားတို့ တွေ့တဲ့အတိုင်းပဲ။ ကားလမ်းကောက်ကွေ့တဲ့နေရာတွေ ပြင်ခိုင်းလည်း တစ်နေရာမှ မဖြစ်သေးပါဘူး။ ဒီပုံ ဒီပုံပဲ။ တကယ်လို့ ကျနော်တို့က ဘယ်ပါတီပဲနိုင်သွား၊ နိုင်သွား။ ကျနော်တို့က လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ အဓိက လိုချင်တာပေါ့။”
ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးစိုးသိန်းက အမျိုးသားလွှတ်တော် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) ဖြစ်တဲ့ ဘောလခဲမြို့နယ်မှာ တစ်သီးပုဂ္ဂလအမတ်အဖြစ် ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း သူကနေရာဟောင်းမှာပဲ ဝင်ပြိုင်မှာပါ။
ဒီတခါတော့ USDP ပါတီရဲ့ ကိုယ်စားလှယ် ပြန်ဖြစ်သွားပါပြီ။
သမ္မတရုံးဝန်ကြီးဟောင်းကတော့ သူ့အနေနဲ့ ၂၀၁၅ တုန်းက ပေးခဲ့တဲ့ကတိတွေအတိုင်း အများကြီး ပြောင်းလဲအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘောလခဲကို သွားကြည့် ဘောလခဲကမ်းနား၊ ပွန်ချောင်းက အုတ်တံတိုင်းကြီး လုပ်ပေးခဲ့တယ်။ ကမ်းနားလမ်းကြီးပေါ့။ ခင်ဗျားတို့ ဘီလူးချောင်းလိုပဲ၊ ဖယ်ခုံမြို့ထဲကလိုပဲ။ ပြီးရင် ဒီဘက်က တံတားတစ်ခု ထိုးပေးခဲ့တယ်၊ ကြိုးတံတား။ အများကြီးပါပဲ ကျနော် လုပ်ပေးလိုက်တာ။ ရွာသစ်ဆို ခင်ဗျားသွားကြည့် လမ်းတွေ အကုန်ကောင်း။ လုပ်စရာတွေတော့ အများကြီးပေါ့ဗျာ။ ကျနော်က ဘာဝန်ကြီး၊ ဘာအာဏာမှ လိုချင်တာ မဟုတ်ဘူး၊ ကူညီပေးနေတာ ကယားပြည်နယ်ကို။ ဒါပဲ ကျနော့် ရည်ရွယ်ချက်က။”
ရွာတွေ သောက်သုံးရေ ရရှိရေး၊ တစ်မြို့လုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်တဲ့အပိုင်းတွေက မလုပ်ရသေးဘူးလို့ ဦးစိုးသိန်းက ပြောပါတယ်။
ဘောလခဲဒေသခံ ဦးရှုမောင်ကတော့ ဦးစိုးသိန်း လုပ်ပေးတာ လမ်းနည်းနည်းကောင်းတာပဲရှိတယ်လို့ ဝေဖန်ပါတယ်။
“ပြောင်လဲသွားတဲ့ဟာတွေ ဘာမှမရှိပါဘူး။ NLD အစိုးရလက်ထက်မှာလည်း ပြောင်းလဲတာလဲ မရှိပါဘူး။ ဘာမှ မရှိဘူး။ ဦးစိုးသိန်း လက်ထက်ရော၊ NLD ရောဘာမှ မရှိပါဘူး။ နည်းနည်းလမ်းကောင်းတာပဲ ရှိတယ်။ အစိုးရ အဆောက်အဦးရယ် အဲဒါတော့ NLD အစိုးရလုပ်တဲ့ဟာတွေပဲရော။ ဦးစိုးသိန်း လုပ်ပေးတဲ့ဟာ ဘာမှ မရှိပါဘူး။ ဥပမာ သူတကယ်နိုင်မယ်၊ သူတို့ ပြည်ထောင်စုအဆင့်မှာ ဝန်ကြီးတစ်နေရာလောက် ရမယ်ဆိုရင်တော့ ဘယ်ပြောကောင်းမလဲ တိုးတက်မှာပဲလေ။ ဝန်ကြီးအဆင့်မှ မရောက်နိုင်ပဲရော သူ။ ဝန်ကြီးအဆင့်မှာ NLD ပဲ ဝန်ကြီးဖြစ်တော့ သူ့ခမျာလည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။”
ဦးစိုးသိန်း မဲဆန္ဒနယ်ထဲက ရွာသစ်မြို့မှာ လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိပြီး၊ ရှမ်းတိုင်းရင်းသား အများဆုံးဖြစ်ပြီးတော့၊ ကယား၊ ကရင်၊ ဗမာ စတဲ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ဒေသပါ။ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ ရွာတွေကို အစိုးရက စုစည်းပြီး တည်ပေးထားတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေက တိုက်ပွဲ တဖန်ပြန်ဖြစ်မှာကို မလိုလားကြပါဘူး။
ဒီအထဲမှာ လွယ်ဝိုင်းကျေးရွာအုပ်စုက ဒေါ်ဘူးမယ်လည်း ပါဝင်ပါတယ်။
“အခက်အခဲကအားလုံးပဲ ဘာတစ်ခုမှ အဆင်မပြေဘူး ပြောင်းလာခါစတုန်းက။ သူများထောက်ပံ့မှ စားရတယ်။ သူများ မထောက်ပံ့ရင် မစားရဘူးပေါ့။ စစရောက်ချင်းမှာတော့ သူများအိမ်အောက်မှာတို့၊ သူများတဲမှာတို့၊ တစ်အိမ်၊ နှစ်အိမ်စုပြီး ကျဉ်းကျဉ်းကျပ်ကျပ်ပဲ နေရတယ်။ အဒေါ်တို့ရွာက ဘာပြန်စားတော့မလဲ။ ပြန်ခိုင်းရင်တော့၊ အခုက ကြာပြီဆိုတော့ ဒီမှာနေတာ ပိုအဆင်ပြေတယ်။ (စစ်ပွဲထပ် ဖြစ်မှာ) စိုးရိမ်မှုရှိတယ်။ ဘယ်သူမဆို ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တာပေါ့။”
ရွာသစ်မြို့မှာ အလုပ်အကိုင်ရှားပါးလွန်းတာကြောင့် ကျုံရာကျပန်း ဝမ်းရေးဖြေရှင်းနေရသူတွေလည်း များပါတယ်။ အသက် ၆၉ နှစ်အရွယ် ဒေါ်ရှေ့မယ်ဆိုရင် ဆန်တစ်ပြည်ရဖို့အရေး ဝါးနှီးရက်ပြီးတော့ ဆန်ဖိုးရှာရတဲ့သူပါ။
“စစ်ပွဲတွေ ဘာတွေဆို နည်းနည်းမှမကြားချင်ဘူး။ အဲလိုပဲ နေသွားချင်တယ်။ ခုက အရက်ချက်ပြီး ဟင်းချိုမှုန့်တွေ၊ ဆန်တွေ၊ ဆီတွေ၊ ငပိတွေနဲ့ ပြန်လဲစားတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မသိဘူး။ ထည့်တဲ့မဲက ဘယ်လို့ထည့်ထည့် အဖွားနားမလည်ဘူး။ ငါ့စိတ်ထဲမှာ ပိုက်ဆံပဲ လိုချင်တယ်။ ဘယ်လောက်ပဲ ပေးပေး။ မရလည်း ဘာမှ မဖြစ်ဘူး။ ဟင်းဝယ်စားမယ်။ ဟင်းကောင်းကောင်း မစားရဘူး”
ဦးစိုးသိန်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ NLD ပါတီက စိုင်းလင်းလင်းဦးကတော့ ဘောလခဲမြို့နယ်ထဲက မဲဆန္ဒရှင် ထက်ဝက်ကျော်က တောင်သူတွေဖြစ်တဲ့အတွက် သီးနှံအာမခံချက်ရှိအောင် လုပ်ဖို့မျှော်လင့်ထားပါတယ်။
“ကျနော်တို့ ဘောလခဲမြို့နယ် သုံးပုံနှစ်ပုံသည် တောင်သူ၊ လယ်သမားတွေ ဖြစ်တယ်။ အဓိက နှမ်း စိုက်ပျိုးကြတာပေါ့။ ဆိုတော့ အဓိကက သူတို့ ထွက်လာတဲ့ သီးနှံတွေ ဈေးကွက်အာမခံချက်ရှိဖို့ လိုတယ်။ အဓိက အာမခံရှိတာ စပါးပဲ ရှိသေးတာပေါ့။ စပါးက နိုင်ငံတော်က ပုံသေဈေးနှုန်း သတ်မှတ်ပြီးတော့ ဝယ်တာပေါ့။ ဒါမဲ့ ဒီလို ပြင်ပ သီးနှံတွေပေါ့။ နှမ်းတို့၊ ပဲတို့၊ ပြောင်းတို့က ပုံသေဈေးနှုန်း မရှိသေးဘူးလေ။ ဆိုတော့ ကျနော်သာ အရွေးခံဖြစ်ရင်တော့ ဒီကိစ္စကို အထူးတလည် အာရုံထည့်ပြီး လုပ်မှာပေါ့။ တောင်သူ အတွက် အာမခံရှိတဲ့ ဈေးကွက်၊ ဈေးနှုန်းဖြစ်လာဖို့ နိုင်ငံတော်အနေနဲ့ မူတစ်ခု ချမှတ်ပြီးတော့ ပြုပြင် ပြောင်းလဲတာမျိုးပေါ့။ အဲဒါကို အားထည့်ပြီး လုပ်ပါမယ်။”
မကြာသေးခင် ကာလအတွင်း အာဏာပိုင်တွေက ဒေသခံ လူထုဆန္ဒကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာ၊ လူငယ်တွေကို ဖမ်းဆီးထောင်ချတာ၊ တောင်သူတွေ တရားစွဲခံရတာ စတဲ့ဖြစ်ရပ်တွေကြောင့် အာဏာရပါတီရဲ့ လူထုထောက်ခံမှုဟာ ကယားပြည်နယ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ တစ်ချိန်က လူကြိုက်နည်းခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရစ်တစ်ပါတီ KySDP ကတော့ ပြန်လည် လှုပ်ရှားလာနေပါတယ်။
KySDP ရဲ့ ဘောလခဲ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကလည်း လူမှုဘ၀ တိုးတက်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
“ကျနော် အဓိက စီးပွားရေးပေါ့နော်။ စီးပွားရေးကို အဓိကဆောင်ရွက်ပေးမှာပေ့ါ။ စီးပွားရေးဆို ဒီက စိုက်တဲ့ သီးနှံတွေပေါ့နော် အဲဒါလုပ်ဆောင်ပေးမယ်။ နောက် ဒီ လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ်။ ကျန်းမာရေးရော၊ နောက်ပညာရေးပိုင်းတွေရော အဲဒါ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်ပေါ့နော်။"
ကယားတစ်ပြည်နယ်လုံးမှာ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ် အားလုံးအတွက် မဲဆန္ဒနယ် ၃၄ ခု ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကတော့ NLD က ၂၇ နေရာ အနိုင်ရခဲ့ပြီး၊ USDP က ခုနှစ်နေရာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်နယ်အခြေစိုက် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီကနေ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တစ်နေရာ ရရှိခဲ့တာဖြစ်ပါတယ်။