ယင်းမာပင်ခရိုင်မှာ တရုတ် လွှမ်းမိုးလာနေပြီလား


2019.10.11
lpt-622.jpeg မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီမြို့မှာ နိုင်ငံခြားသားတွေ အထူးများပြား လာတာနဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်။ အဲဒီမြို့မှာ ထူးထူးခြားခြား တရုတ်နိုင်ငံသားတွေ များပြားနေတာကြောင့်ဖြစ်ပါတယ်။ အလားတူပဲ ဒေသခံတွေ စိုးရိမ်လာနေတဲ့ နေရာတစ်ခုကတော့ မြန်မာပြည် အထက်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာဖြစ်ပါတယ်။

အဲဒီဒေသမှာ တရုတ်နိုင်ငံက လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကြီး နှစ်ခုရှိနေတာကြောင့် ဒီစီမံကိန်းနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာတာပါ။

ကြေးနီစီမံကိန်းနဲ့ တဆက်တည်း ဒေသခံတွေ မြေသိမ်းယာသိမ်းခံရတာကြောင့် ဒေသခံတွေအတွက် အလုပ် အကိုင်ဖန်တည်းပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးမြူရေးခြံတွေ အသေးစားလုပ်ငန်းတွေ စက်ရုံငယ်တွေ တည်ထောင်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကြေးနီစီမံကိန်း လုပ်ငန်းခွင်နဲ့ တခြားလုပ်ငန်းတွေ မှာပါ မြန်မာနိုင်ငံသား အနည်းငယ်သာရှိပြီး တရုတ်နိုင်ငံသားတွေပဲ များနေတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတာပါ။

ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။