ရန်ကုန်တိုင်းအစိုးရနဲ့ မလေးရှား MLN လုပ်ငန်းရှင်
2018.07.17
မလေးရှား၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေမှာ တရားမဝင် ဆင့်ပွားလုပ်ငန်းတွေနဲ့ အများပြည်သူတွေရဲ့ ပိုက်ဆံတွေကို လိမ်လည်ရယူတယ် ဆိုပြီး အမည်ပျက်စာရင်း သွင်းခံထားရတဲ့ မလေးရှား-တရုတ်ကပြား လုပ်ငန်းရှင် Ohg Kean Swan က ရန်ကုန်တိုင်းအစိုးရကို အလှူငွေကျပ် သိန်း ၂ဝဝ လှူဒါန်းခဲ့ပါတယ်။
အဲဒီလှူဒါန်းမှုကို တိုင်းအစိုးရက လက်ခံလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။