အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ် အတည်ပြု
2018.05.14
မြန်မာနိုင်ငံအတွင်းက အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ်ပေးဖို့ ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒီနှုန်းထားဟာ အလုပ်သမားထုလိုအပ်နေတဲ့ နှုန်းထားမဟုတ်တဲ့အတွက် လက်မခံနိုင်တာတွေရှိနေသလို အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ လစာနဲ့ ကုန်ဈေးနှုန်းကို သဟဇာတဖြစ်အောင်လုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ ထောက်ပြမှုတွေရှိနေပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။