Myanmar Now ဦးဆွေဝင်းရဲ့ အမှု ရဲအရာရှိတွေ လာရောက်တွေ့ဆုံ


2017.03.17

Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆-ဃ နဲ့ ဦးဝိရသူ ကိုယ်စား ဦးကျော်မျိုးရွှွေက တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုသင့် - မသင့်အတွက် မတ်လ ၁၅ ရက်နေ့က မန္တလေးအမှတ်-၇ ရဲစခန်းက ရဲအရာရှိတွေ ဦးဆွေဝင်းကို လာရောက်တွေ့ဆုံပါတယ်။
တိုင်ကြားခံရသူ ဦးဆွေဝင်းဘက်က ဦးကျော်မျိုးရွှေရဲ့ စွဲဆိုချက်ဟာ ပျက်ပြယ်သွားပြီလို့ ပြောကြပါတယ်။ သုံးသပ်သူတွေကတော့ ဒီအမှုဟာ အစကတည်းက မှားယွင်းမှုရှိနေတယ်လို့ ထောက်ပြပါတယ်။

Ba Kaung ဆိုတဲ့ အကောင့်အသုံးပြုသူ ဦးဆွေဝင်းက မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့တာကြောင့် ဦးဝိရသူရဲ့ ကိုယ်စား ဦးကျော်မျိုးရွှွေက ဦးဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆-ဃနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲသူ ဦးကျော်မျိုးဆွေက သူ့မိခင်ရဲ့ ဆန္ဒအရ တရားစွဲဆိုတာကို ရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို သူက အမူကို ရုပ်သိမ်းပေမယ့် တခြားတစ်ဦးဦးက ဆက်ပြီးတရားစွဲမယ်ဆိုတဲ့ စကားတွေလည်း ပြောခဲ့ပါတယ်။

ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။