စားအုန်းဆီနဲ့ မြန်မာပြည်
2018.07.16
ရှေးကဆို အများစုဟာ နှမ်းဆီ၊ ပဲဆီသာ အသုံးများပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လက်ထက်ရောက်မှ မြန်မာတွေ စားအုန်းဆီကို စကြားဖူးလာပါတယ်။ မြန်မာတောင်သူတွေဟာ နှမ်းနဲ့ ပဲ အမျိုးမျိုးပဲ စိုက်တတ်ပြီး ဆီအုန်းစိုက်ပျိုးလေ့မရှိပါဘူး၊ စစ်အစိုးရလက်ထက် ၁၉၉၉ ကစလို့ တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်ရမယ်လို့ ကြွေးကြော်ပြီး ခရိုနီတွေကို ဆီအုန်းစိုက်ပျိုးဖို့ မြေတွေချပေးလိုက်ပါတယ်။ အဖြေကတော့ နဂိုရှိပြီးသားတောတွေ ခုတ်ရောင်းဖို့ ဖြစ်သွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။