မြိတ် ပင်လုံအငှားအိမ်ရာ စီမံကိန်းက အရည်အသွေး မမီတဲ့ အဆောက်အအုံ ၂ လုံး

2018.09.11

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ရာစီမံကိန်းက အဆောက်အအုံ ၇ လုံးမှာ နှစ်လုံးက အက်ကွဲကြောင်းတွေ၊ တံခါးတွေ ခိုင်ခံ့မှု မရှိတာတွေနဲ့ ဆေးတွေ ကွာကျနေပြီး အရည်အသွေးအသွေးမမီတာကြောင့် လူနေထိုင်ဖို့ မသင့်ဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဒီ ပင်လုံအငှားအိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး တင်ဒါပေးတဲ့အပေါ် စစ်ဆေးဖို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက လိုလားနေကြပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။