နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှု ၁၀ နှစ်ပြည့်
2018.05.03
လွန်ခဲ့တဲ့ ၁၀ နှစ်က နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကြေခဲ့ကာ မိသားစုလိုက် ပျောက်ဆုံးကုန်တာ၊ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးကြီး ရှိခဲ့ပါတယ်။
ဆယ်စုနှစ်တာကာလအတွင်း အခုလို အဖြစ်ဆိုးမျိုးတွေ ပြန်မဖြစ်အောင် ဘာတွေ ပြင်ဆင်လုပ်ဆောင်ခဲ့ပြီးပြီလဲဆိုတာ ပညာရှင်တွေရဲ့သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။