သက်ငယ်မုဒိန်းမှုဖော်ထုတ်သူ ဓားခုတ်ခံရ
2018.07.14
လွန်ခဲ့တဲ့ ၇ နှစ်လောက်က သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး တရားခံပြေးအဖြစ် ထွက်ပြေးနေသူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံထားရတာနဲ့ပတ်သက်ပြီး Myanmar Now သတင်းဌာနက သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီလိုဖော်ပြနိုင်ဖို့အတွက် သတင်းဌာနကို လိုက်လံကူညီပေးခဲ့သူရဲ့ ညီဖြစ်သူဟာ ဇူလိုင်လ ၁၃ ရက်နေ့ညက အုပ်စုဖွဲ့ပြီး ဓားတွေနဲ့ ဝိုင်းခုတ်ခံရတာကြောင့် သေဆုံးသွားပါတယ်
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။