ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အလှမ်းဝေးနေဆဲ
ခင်မောင်စိုး
2020.07.28
2020.07.28
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပါဝင်ကူညီရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်တွေ ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားသူတွေ ပြန်လာရေးအစီအစဉ်ဟာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေတာကြာပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ-မြန်မာညှိနှိုင်း အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် က ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံရေး အတွက် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အာဆီယံ၊ ကုလအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နယူးယောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကလည်း အာဆီယံက ကူညီပေးရေးအပါအဝင် ဒုက္ခသည်တွေ ပြန်လာရေးကိစ္စဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်မှုကြောင့် ပိုမိုနှောင့်နှေးနေတယ်လို့ RFA ကို ပြောပါတယ်။
“အာဆီယံအတွင်းရေးမှုးချုပ်ကိုယ်တိုင်က ရခိုင်ပြည်နယ်လည်းသွားတယ်။ ပြန်လည်လက်ခံရေးကိစ္စအကောင်အထည်ဖော်တဲ့နေရာမှာ နည်းပညာအထောက်အကူပေးဖို့ဆိုတာ ကျနော်တို့ နဂိုထဲက ရှိပြီးသားပါ၊ Covid ကြောင့် လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အခြေအနေဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလည်း ဆက်ပြီးလုပ်ဖို့ ရှိတယ်။ အခုလက်ရှိမှာ တချို့ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာတာရှိတယ်။ သူတို့ကို လက်ခံရေးစခန်းတွေက သေချာစိစစ်ပြီးတော့မှ လက်ခံတဲ့အပိုင်းတွေ ရှိပါတယ်။ အထူးသဖြင့် Covid ရောဂါပိုး ပါလာမှာကို အဓိကစစ်ဆေးပြီးမှ လက်ခံတယ်။ ပင်မ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အကောင်အထည်ဖော်မဲ့ ပြန်လည်လက်ခံရေးကိစ္စတွေကတော့ နိုင်ငံ ၂ခု ပူးတွဲဖွဲ့ထားတဲ့ working group အစည်းအဝေးကို ပြန်ပြီးကျင်းပနိုင်မှ တကယ်လက်တွေ့လုပ်ရမဲ့ အပိုင်းတွေကို ပြန်လုပ်နိုင်မှာ။ ဆိုတော့ ဘယ်အချိန်မှာ ဒီကိစ္စတွေ ပြန်ပြီးစတင်နိုင်မယ်ဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး၊ နိုင်ငံတကာအသိုင်းအဝိုင်း တို့ UN တို့ကလည်း သဘောပေါက်တယ်လေ”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အရာရှိ Louise Donovan လူးစ်ဒိုနိုဗန်ကတော့ ရိုဟင်ဂျာ စခန်းတွေမှာ တစ်စတုရန်း ကီလိုမီတာ မှာ လူ လေးသောင်းလောက် စုပြုံနေထိုင်ကြတာဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးဟာ စိန်ခေါ်မှုတခုပဲလို့ RFA ကို မနေ့ညက ပြောပါတယ်။
“ရိုဟင်ဂျာစခန်းတွေမှာ အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၆၅ ဦးကိုတွေ့ရပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျမတို့ အတတ်နိုင်ဆုံး ပညာပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။ လူ ၈ သိန်းကျော် ရှိနေတဲ့ ဒီစခန်းတွေမှာ ဒီလောက်ပဲ ကူးစက်မှု ရှိသေးတာကတော့ တော်တော်ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ”
အဲဒီ ဒုက္ခသည်စခန်းတခုမှာနေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးကတော့ ဆိုင်းဖူးလ် ဆိုသူပါ။ သူတို့ အင်မတန်ဒုက္ခရောက်နေတဲ့အတွက် အထောက်အထားခိုင်လုံသူတွေကိုမြန်မာအစိုးရက အမြန်ဆုံး ပြန်ခေါ်ပေးစေချင်တယ်လို့ ပြောပါတယ်။
“အိမ်တွေကို မီးရှို့လိုက်တာပေါ့နော်။ အဲဒါကြောင့် တချို့လူတွေမှာ ရှိတဲ့ အထောက်အထားတွေ မီးလောင်သွားပြီပေါ့။ တချို့လူတွေက အထောက်အထားတွေကို ယူနိုင်ခဲ့တယ်။ တချို့လူတွေက မယူနိုင်ခဲ့ဘူး။ သူတို့မှာ မွေးစာရင်းတွေရှိ မရှိဆိုတာ အစိုးရ လဝကရုံးမှာ မှတ်တမ်းတွေရှိတယ်။ အိမ်ထောင်စုစာရင်းမှာရှိတယ်။ ဒါတွေကို အထောက်အထားပြနိုင်တဲ့သူတွေကို နိုင်ငံသား ချက်ချင်းထုတ်ပေးပါ။ ထုတ်ပေးရင်အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရရယ် UNနဲ့ ပူးတွဲပြီးတော့ ဆုံးဖြတ်ချက်တခု အမြန်ဆုံးလုပ်နိုင်ရင် ကောင်းတယ်လို့ ယူဆပါတယ်။ ကျနော်တို့ ဒီမှာ ၃ နှစ် နီးပါးရှိပြီ နောက်လဲ ဒီလိုဘဲ ဒီမှာဘဲနေရမယ် ပြန်သွားလို့လဲမရဘူးဆိုရင် အများကြီး ဒုက္ခခံနေရတယ်ပေါ့”
မူလကတည်းက အဆင်မပြေခဲ့တဲ့ ဒီဒုက္ခသည်တွေ ရခိုင်ပြည်နယ်ပြန်ရေးအစီအစဉ်ဟာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်မှုဖြစ်ပွားမှုကြောင့် ဘယ်တော့အကောင်အထည်ပေါ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။