သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-04
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့အထိ နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါး (၁,၉၁၂,၇၆၉ ဦး) အထိ ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP- Myanmar က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-01-03
ကော်သူးလေတပ်မတော်ဌာနချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဝေါလေရဲစခန်းက တပ်ဖွဲ့ဝင် ကိုဝင်းထွန်းဦးက သူ့ကို ကော်သူးလေတပ်မတော်က ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ စစ်ကောင်စီလက်အောက်ကို ပြန်မသွားလိုကြောင်း စသဖြင့် RFA ကို ပြောကြားခဲ့ပါတယ်။
2023-01-03
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အနည်းဆုံး အယောက် ၅၀ သေဒဏ်အမိန့်ချခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
2023-01-03
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက သံဃာတော် အပါး ၅ဝဝ ခြံရံကြွချီခဲ့တာဟာ အယူအဆမတူတဲ့ ဘာသာရေးဂိုဏ်းတွေက လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်တယ်လို့စဉ်းစားမိတဲ့ အကြောင်း သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရရဲ့ဟောပြောချက်ကို ရွှေဝါရောင်ဆရာတော်တွေ ဝေဖန်ထောက်ပြနေကြပါတယ်။
2023-01-03
ကယားပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၂၃ လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
2023-01-03
၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ထောင်ဒဏ်ချခံရမှု အများဆုံးလ ဖြစ်ခဲ့ပါတယ်။
2023-01-02
နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အမှန်တရားဘက်က ရပ်တည်ကြဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာစကားနဲ့ ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
2023-01-01
၂ဝ၂၂ ခုနှစ်ဟာ စစ်ကောင်စီက သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဖိနှိပ်မှုတွေ ပိုပြီးတိုးလာခဲ့တဲ့ နှစ်လို့ ပြောရမှာပါ။ စစ်ကောင်စီဟာ အမျိုးသမီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးထောင်ချမှုတွေ ပိုများခဲ့ပြီး သေဒဏ်အမိန့်ပေးတဲ့အထိ ရှိခဲ့ပါတယ်။
2023-01-01
ဒုက္ခသည်အဖြစ် မွေးဖွားလာသူတွေရှိနေသလို လူ့လောကကိုရောက်ပြီး နာရီပိုင်း၊ မိနစ်ပိုင်း အတွင်းမှာပဲ စစ်ဘေးဒုက္ခသည်အဖြစ် အိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကလေးငယ်တွေလည်း အများအပြားရှိပါတယ်။