သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-07
မြန်မာနိုင်ငံ တရားရုံးက နယ်သာလန်နိုင်ငံသား တစ်ဦးကို ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ပိတ်မှု နဲ့ ထောင် ၃ လချမှတ်တဲ့နေ့မှာပဲ မလေးရှား တရားရုံးကတော့ သူတို့နိုင်ငံအလံပုံပါတဲ့ ရေ ကူးဘောင်းဘီတိုတွေနဲ့ လူမြင်ကွင်းမှာ အရက်သောက်ခဲ့ကြတဲ့ သြစတြေးလျ နိုင်ငံသား ၉ ဦးကို ၄ ရက်ကြာ ဖမ်းဆီးပြီးနောက် တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုကို နိုင်ငံတကာယဉ်ကျေးမှု ရှုထောင့်ကနေ ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2016-10-07
NLD အစိုးရကို အကြပ်ရိုက်စေတဲ့ မေးခွန်းတွေ လွှတ်တော်အတွင်း သတိထားရှောင်ကြဉ်ဖို့နဲ့ အစိုးရ ဖြေနိုင်တဲ့မေးခွန်းတွေသာမေးဖို့ဆိုပြီး အစိုးရနဲ့ လွှတ်တော်ကြား ညှိနှိုင်းဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် ဒါဟာ အစိုးရနဲ့ လွှတ်တော်တို့ကြား အပြန်အလှန်ထိန်းညှိရေးဆိုတဲ့ သဘောတရားနဲ့ လွဲချော်နေတဲ့အကြောင်း ထောက်ပြဝေဖန်ချက်တွေ ရှိနေပါတယ်။
2016-10-04
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာများစွာ ထဲက တစ်ခုကတော့ စက်ရုံတွေက စွန့်ပစ်တဲ့ ရေ ဆိုးတွေရဲ့ အန္တရာယ်ဖြစ်ပါတယ်။
2016-10-04
မြန်မာနိုင်ငံက လက်ရှိတရားဥပဒေစိုးမိုးမှုအခြေအနေနဲ့ တရားရုံးကချမှတ်တဲ့ ပြစ်မှုပြစ်ဒဏ်မမျှတတဲ့ အခြေအနေတွေ အပေါ် ဝေဖန်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-04
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ့် မေးခွန်းနဲ့အဆိုတွေ၊ အစည်းအဝေး အစီအစဉ်တွေအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေ အကြိုညှိနှိုင်းအစည်းအဝေးလုပ်တဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-10-04
ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းလောက်ကစခဲ့တဲ့ ကရင်ပြည်နယ်အတွင်း DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ စက်တင်ဘာလအတွင်းမှာပါ မပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
2016-10-02
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ အတွက် ဖြစ်မြောက်ရေးကော်မတီ ရုံးခန်း ကို တောင်ဥက္ကလာပ ၆ ရပ်ကွက်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2016-10-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက လွှတ်တော်တွေအပေါ် သြဇာလွှမ်းမိုးမှုတွေ ရှိနေသလို တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ဗဟိုအစိုးရက ချုပ်ကိုင်မှုတွေရှိနေတာကြောင့် အပြန်အလှန် ထိန်းကြောင်းနိုင်မှု အားနည်းတာတွေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
2016-10-01
ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပြီး ကေအိုင်အေ ဌာန ချုပ်ဖြစ်တဲ့ လိုင်ဇာစခန်းဘက်ကို တပ်မတော်က စစ်ကူပို့လွှတ်နေတာတွေရှိသလို တနိုင်းမြို့နယ် အတွင်းမှာ ကေအိုင်အေအဖွဲ့က လုပ်ကိုင်နေ တဲ့ ရွှေတွင်းလုပ်ငန်းတွေရှိရာ ဒေသဘက်ကို ရိက္ခာပေးပို့နေတဲ့ အခြေခံစားသောက် ကုန်တင်ယာဉ်တွေ ကိုလည်း တပ်မတော်က တားဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။
2016-10-01
ပုသိမ်တက္ကသိုလ်က အငယ်တန်းစာရေးမတစ်ယောက်ဟာ ကျောင်းအပ်ပေးမယ်ဆိုပြီး အဝေးသင်ကျောင်းသား ခန့်မှန်းခြေ အယောက် ၆၀ လောက် ဆီက ကျောင်းအပ်ခတွေရယူခဲ့ပေမယ့် တကယ်တမ်း ကျောင်းမအပ်ပေး ခဲ့ဘဲ ငွေကြေးလိမ်လည်သွားခဲ့ပါတယ်။
2016-09-30
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ တရုတ်ပြည်ရဲ့ ပြောင်းလဲစပြုလာတဲ့ မြန်မာ ဆိုင်ရာမူဝါဒနဲ့ ဒီနေ့ အာရှ-ပစိဖိတ်ဒေသအတွင်းက ပထဝီနိုင်ငံရေးအခြေအနေတွေကြား ဟန်ချက် မျှအောင် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ ဦးသစ်ဆင်း က စုစည်းတင်ပြမှာပါ။
2016-09-30
သမိုင်းလေ့လာတဲ့အခါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆက်စပ်သင်ယူနိုင်တဲ့ အားကောင်းလှတဲ့ အခွင့်အလမ်းတွေ ရရှိတဲ့အကြောင်းနဲ့ ရှေးရောမအင်ပါယာခေတ်က ခဲဆိပ်သင့်တာမျိုး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-09-29
မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးမြှင့် တင်မှု အစီအစဉ်အရ မြန်မာကျောင်းသား လူငယ်တွေ အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းသစ်တွေ တိုးများလာတော့မှာဖြစ်ကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2016-09-29
လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
2016-09-27
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖားကန့်မှာ နိုင်ငံတော် က ပြဌန်းထားတဲ့ ကျောက်မျက်ဥပဒေပါ အချက် အလက်တချို့ကို ကျောက်မျက်တူးဖေါ်ရေးဌာနက၊ပြည်သူများ လိုက်နာရန် ဆိုပြီး ကြော်ငြာဆိုင်းဘုတ်များ တင်လိုက် ပါတယ်။