သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-19
ပထမအကြိမ် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ ပြန် လည် စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကိုပဲ အဓိကထား ဆွေးနွေးနေရမှာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2015-01-19
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ပတ် သက်ပြီး သဘာထားအမြင်တွေကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြမှာပါ။
2015-01-18
နိုဘယ်ဆုရစာရေးဆရာတွေရဲ့ မူရင်းစာပေ လက်ရာတွေနဲ့ နိုင်ငံတကာစာပေတွေ အကြောင်း ဆွေးနွေးကြတဲ့ နိုဘယ်မြန်မာ စာပေပွဲတော် ဒုတိယနေ့ ဒီနေ့မှာ "ငြိမ်းချမ်းရေးနဲ့ စာပေ"၊ "စာပေနဲ့ နိုင်ငံရေး" ခေါင်းစဉ်တွေ ကို ဆွေးနွေးကြပါတယ်။
2015-01-18
ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့အကြို လူထုဟောပြော ပွဲကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် က ရွှေစည်းခုံဘုရားဝင်းနဲ့ နေပြည်တော် ပျဉ်းမနား မြို့နယ်က ကင်ပွန်းတန်းကွင်းမှာ ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မိန့်ခွန်း ပြောခဲ့ပါတယ်။
2015-01-17
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးအပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-01-14
ဒီကနေ့ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဝန်ကြီးချုပ်သက်တမ်းနှစ် ၃၀ တင်းတင်းပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။
2015-01-14
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ပုံစံအမျိူးမျိုးနဲ့ ကျင်းပနေတယ်ဆိုပေမယ့် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာ ပြည်ထောင်စုလွှတ်တော်က တခဲနက် အတည်ပြုထောက်ခံတောင်းဆိုထားတာကြောင့် (၆) ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး တောင်းဆိုချက်ဟာ ပျက်သွားနိူင်စရာ မရှိဘူးနိုင်သလို သမ္မတက မကြာခင် ဒီတောင်း ဆိုမှုနဲ့ ပတ်သက်လို့ အကြောင်းပြန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်ကို မသင်းသီရိက တင်ပြထားပါတယ်။
2015-01-14
၃လ နီးပါးကြာရပ်နားခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ်ပြန် လည် ထုတ်ဝေခြင်းမိတ်ဆက် အခမ်းအနားကို ဒီနေ့ ကျောက်တံတားမြို့နယ်က စင်ထရယ် ဟိုတယ်မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ "ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား-ဝေးသ လား"ခေါင်းစဉ်နဲ့ စကားဝိုင်းတစ်ခုကို ထည့်သွင်းခဲ့ ပါတယ်။
2015-01-14
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-14
အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းပြီဆိုရင် အသွင်ကူးပြောင်းရေးကာလတစ်ခု သတ်မှတ်ကြ သလို၊ အဲ့ဒီလိုကူးပြောင်းမှုဟာ ဘယ်လောက်စစ်မှန် သလဲဆိုတာကို တိုင်းတာတဲ့အဓိကအချက်တချို့ ရှိပါတယ်။
2015-01-13
နေပြည်တော်က သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြု ရေး ခေါင်းဆောင်တွေ က နိုင်ငံရေးပါတီခေါင်းဆောင် တချို့တိုင်းရင်းသား ရေးရာဝန်ကြီး ၂၈ ဦးတို့နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။
2015-01-13
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအပါအဝင် စုစုပေါင်း ၄၈ ဦးဟာ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-10
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-10
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ စတင်ကျင်းပနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
2015-01-09
သမ္မတအိမ်တော်မှာ ဒုတိယအကြိမ် နိုင်ငံရေးတွေ ဆုံဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ၁၂ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်၊