သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-24
သတင်းမီဒီယာကောင်စီဝင်အသစ်တွေ ကတိသစ္စာပြုပွဲကို မနေ့က သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သတင်းမီဒီယာသမားတွေ တရားစွဲဆို ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတဆီ တင်ပြလိုက်တာ တွေရှိသလို မခိုင်လုံတဲ့ သတင်းဖော်ပြမှုတစ်ခုကို အရေးယူဆောင်ရွက်ပေးဖို့ သမ္မတက ကောင်စီထံ တိုင်ကြားလိုက်ပါတယ်။
2018-11-21
အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ NGO နဲ့ INGO တွေအပါအဝင် ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းမဆို အစည်းအဝေး၊ သင်တန်း၊ ဆွေးနွေးပွဲနဲ့ ဟောပြောပွဲတွေပြုလုပ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်း ထောက်ခံချက်နဲ့ အတူ သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးကို နှစ်ပတ်ကြိုတင်လျှောက်ထားဖို့ ကန့်သတ်တာကို တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တချို့မှာ တွေ့လာရပါတယ်။
2018-11-21
စစ်တွေမြို့အနီးက သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း အစရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူ တွေဟာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို စက်လှေတွေနဲ့ တရားမဝင် ခိုးထွက်တာတွေရှိနေပြီး အခုလို ပွင့်လင်းရာသီမှာ သွားရောက်ကြတာတွေ များနေတယ်လို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။
2018-11-21
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အမှုနဲ့ပတ်သက်ပြီး အယူခံ လျှောက်ထားတာကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံ ကြားနာခွင့် ပြုလိုက်တဲ့အတွက် သတင်းထောက်နှစ်ဦး ပြစ်ဒဏ်က လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။
2018-11-20
ရန်ကုန်တိုင်းအစိုးရက ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးငွေရယူမယ့် အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်နေသလို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း ထောက်ခံမှုမရှိကြဘူးလို့ သိရပါတယ်။
2018-11-20
တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဒီနေ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့နဲ့ တွေ့ဆုံပါတယ်။
2018-11-19
ကမ္ဘာအရပ်ရပ်က အီလက်ထရောနစ်နဲ့ တခြား စွန့်ပစ်ပစ္စည်းတွေကို တင်သွင်းပြီး ပြန်သုံးနိုင်အောင် Recycle လို့ ဆိုတဲ့ သုံးပြီးသားပစ္စည်းကနေ ပြန်ထုတ်လုပ်တဲ့စနစ်ကို တရုတ်နိုင်ငံမှာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြီး ပိတ်ပင်လျှော့ချနေပါတယ်။
2018-11-19
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမဝင် မြန်မာအလုပ်သမားတစ်ရာကျော်ကို မလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2018-11-19
စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်တွေစခန်းတွေမှာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုစာမှာ ပါရှိတဲ့ အချက်အလက်တွေအတိုင်း အစိုးရက အကောင်အထည် မဖော်နိုင်သေးတဲ့အကြောင်း RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။
2018-11-19
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် ၄ ရာကျော်ဟာ နေရပ်ကို အမြန်ဆုံး ပြန်လာလိုတဲ့အကြောင်း မြန်မာအစိုးရကို ဆက်သွယ်ပြောဆိုလာတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပေးထားတယ်လို့ သိရပါတယ်။
2018-11-16
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဒုက္ခသည်အရေးကို တကမ္ဘာလုံးက ပုံစံပေါင်းစုံနဲ့ ဖိအားပေးခဲ့ကြပြီး သူတို့ကို တကယ်ပြန်ပို့မယ့်နေ့မှာတော့ ဒုက္ခသည်တယောက်မှ ရောက်မလာပါဘူး။
2018-11-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံရဲ့ ပူးတွဲအစီ အစဉ်အရ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ မြန်မာဘက်ကစောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြသလို ဒီကနေ့ထိလည်း ရောက်မလာကြသေးပါဘူး။
2018-11-15
မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-11-15
ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ ပြန်ပို့ဖို့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရက အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ ဘယ်သူမှပြန်မလာ တဲ့အတွက် ပြန်လည်လက်ခံရေးအစီအစဉ် ပျက်သွားခဲ့ပါတယ်။
2018-11-15
စင်ကာပူနိုင်ငံမှာ ၅ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရီးစဉ်မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေရှိခဲ့ပေမယ့်လည်း နိုင်ငံတကာကို ရှင်းလင်းအသိပေးချင်တဲ့ကိစ္စတွေကို ဆွေးနွေးဖလှယ်နိုင်ခဲ့တဲ့အတွက် အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။