သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-24
ပြည်ထောင်စုဝန်ကြီး ၁၈ ဦးရဲ့ အမည်စာရင်းထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရဦးအောင်ကိုနဲ့ လက်ရှိ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေလည်း ပါဝင်ပါတယ်။
2016-03-24
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဆိုတဲ့ ဂီတအဖွဲ့ကို ဦးဆောင်နေသူ တေးရေး တေးဆို ကိုရဲလွင်ရဲ့ ဂီတနှစ် ၅ဝ ရွှေရတုခရီးအမှတ်တရ ဂီတပွဲကျင်းပမှာဖြစ်ပြီး ပွဲကရရှိတဲ့ ငွေကြေးအားလုံးကို ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ HIV ပိုးကူးစက်ခံကလေးနဲ့ လူနာစောင့်ရှောက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
2016-03-24
ပြည်ထောင်စုလွှတ်တော်က "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ အစိုးရသစ်နဲ့ လွှတ်တော်တွေမှာ သွယ်ဝိုက်တဲ့နည်းနဲ့ သြဇာသက်ရောက်မှုရှိနေဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2016-03-23
သမ္မတဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီး ၁၈ ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့တင်သွင်း ရာ စာရေးဆရာဖေမြင့်လည်း ပါဝင်ပါတယ်။
2016-03-23
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသစ်အဖွဲ့ထဲမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ့် အဓိက ရည်ရွယ်ချက်ဟာ အမျိူးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်အောင်ဖြစ်တယ်ဆိုတဲ့ အမြင် နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2016-03-22
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမူကြမ်းရရှိဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံရေးဆွဲနေကြပါတယ်။
2016-03-22
နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော်က အစိုး ရသစ်လက်ထက်မှာ ထားရှိမယ့် ဝန်ကြီးဌာနတွေ အကြောင်း နဲ့ ဝန်ကြီးဌာနတွေ လျှော့ချလိုက်တဲ့ အစိုးရသစ်ရဲ့ မူဝါဒတွေကို ပြည်ထောင်စုလွှတ်တော် မှာ ဒီနေ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2016-03-22
အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ International Day for the Elimination of Racial Discrimination အခမ်းအနားကို ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2016-03-19
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရပ်သားအစိုးရ လက်ထက်မှာ အလုပ်သမားထုက ပြုပြင်ပြောင်း လဲစေချင်တာတွေနဲ့ သူတို့ရဲ့မျှော်လင့်ချက်ဆန္ဒတွေ ကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-03-19
မြစ်ဆုံရေကာတာစီမံကိန်းကို အစိုးရသစ်တာဝန်ယူပြီးတဲ့နောက် အမြန်ဆုံးပြန်စနိုင်ဖို့အတွက် တွန်းအားပေးသွားမယ်လို့ တရုတ်အစိုးရဘက်က ပြောလိုက်ပါတယ်။
2016-03-18
အစိုးရသစ်လက်ထက်မှာ ထားရှိမယ့် ဝန်ကြီးဌာန ၂၁ ခုရဲ့ အမည်စာရင်းတွေထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာနအသစ် ပါရှိပါတယ်။
2016-03-18
အစိုးရသစ်မှာထားရှိမယ့် ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုဝန်ကြီး အရေအတွက်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလိုက်ပါတယ်။
2016-03-17
မကြာခင်အာဏာရရှိတော့မယ့် NLD အစိုးရအနေနဲ့ လတ်တလောဖြေရှင်ပေးစေချင်တဲ့ ကိစ္စတွေ မြန် မာပြည်အနှံ့က လူတန်းစားပေါင်းစုံမှာရှိနေပါတယ်။
2016-03-16
ဒီနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ တုန်းက ပြည်လမ်းမပေါ်က တံတားဖြူအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ စက်မှု တက္ကသိုလ်ကျောင်းသားတွေကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ တာကြောင့် တံတားနီလို့ သတ်မှတ်ရတဲ့အထိ သွေး လွှမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။
2016-03-16
မနေ့က ပြည်ထောင်စုလအတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ဦးထင်ကျော်ကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားနဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံထဲက မြို့ကြီးတချို့မှာ ပြုလုပ်ခဲ့ပါတယ်။