သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-18
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်ဆန်းတစ် ရက်နေ့မှာ အကျဉ်းသား ၈၃ယောက်ကို လွှတ်ပေး ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ ပါတယ်။
2016-04-18
၂ဝ၁၆ ခုနှစ် သြင်္ကန်ရက်တွေအတွင်း အများပြည်သူတွေလုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-04-17
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့ကြတဲ့ နာယကဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို နှစ်သစ်ကူး ကန်တော့ခဲ့ကြပါတယ်။
2016-04-17
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဒီနေ့ မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲက အကျဉ်း သား ၈၃ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက် ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ နဲ့ ရှေ့နေတို့ကို ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
2016-04-17
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ ကေတုအိုးဝေ (တောင်ငူ)က သြင်္ကန်သံချပ် အဖွဲ့ဟာ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် က ဗမာသစ်မဏ္ဍပ်မှာ မဟာသြင်္ကန် ဒုတိယအကြတ်နေ့ မနေ့က ဖျော်ဖြေခဲ့ပါတယ်။
2016-04-17
စံပယ်ပန်း စီးပွားရေး ဈေးကွက်ဟာ လူအများအတွက် အလုပ်အကိုင်ရရှိနေတဲ့ ပန်းဈေးကွက်ဖြစ်ပါတယ်။ စံပယ်ပန်း ဈေးကွက် အကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
2016-04-17
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ကျင်းပတဲ့ မဟာသြင်္ကန် ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ဒုတိယအကြတ်နေ့ မနေ့ညက အပြာရဲ့အနီ သံချပ်အဖွဲ့လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
2016-04-17
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်က ပိတောက်ရင်ခွင် သြင်္ကန်ဆုပေးမဏ္ဍပ်မှာ သာကီနွယ် စွယ်စုံအနုပညာအဖွဲ့က မနေ့က ဧပြီလ ၁၆ ရက်နေ့ညမှာ သံချပ်ထိုး ယှဉ်ပြိုင်ခဲ့ပါတယ်။
2016-04-16
သြင်္ကန်အတက်နေ့ကို ဆင်နွှဲဖို့ ပြင်ဆင်နေကြတဲ့ မန္တလေးနဲ့ ရန်ကုန် မြင်ကွင်းတချို့ကို မသင်းသီရိက စုစည်းတင်ပြ ထားပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဟာသြင်္ကန် ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ပထမ အကြတ်နေ့ညက လူရွင်တော် ဦးမေတ္တာ ဦးဆောင်တဲ့ သာဓုပါသြင်္ကန်သံချပ်အဖွဲ့ ဟာ ဗိုလ်စိန်မှန်ကွင်းက ဆုပေးသြင်္ကန် မဏ္ဍပ်မှာ လာရောက်ဖျော်ဖြေခဲ့ပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ပြုလုပ် တဲ့ မဟာသြင်္ကန်ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ပထမအကြတ်နေ့ညက ကျွနု်ပ်တို့သည် သံချပ်အဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။
2016-04-16
ရန်ကုန်မြို့မှာ အလှူအတန်း၊ အလှူခံနဲ့ အလှူမင်္ဂလာ၊ သာရေးနာရေးပွဲတွေမှာ အသံချဲ့စက်တွေကို အလွန်အကျွံ ဖွင့်တာကြောင့် အများပြည်သူတွေအတွက် စိတ်ဒုက္ခရောက်ကြရပါတယ်။
2016-04-15
နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် မှာ ပြုပြင်ပြောင်းလဲရေးတွေ ဘက်ပေါင်းစုံ မှာ ဖြစ်လာမယ်လို့ ပြည်သူတွေက မျော်လင့်ချက် ထားကြပါတယ်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်းအတွင်းက ကျေးရွာ တချို့မှာ ကျေးရွာသားတွေရဲ့ မျော်လင့်ချက်တချို့ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
2016-04-15
အစိုးရသစ်သက်တမ်း ရက်ပိုင်းလေးအတွင်းမှာ ကျရောက်တဲ့ ဒီနှစ်သြင်္ကန်အပေါ်မှာ အနုပညာဖန်တီးတာခြင်းတူပေမဲ့ မျိုးဆက်မတူတဲ့ အနုပညာရှင်တွေရဲ့ အတွေ့အကြုံတွေကို မခက်မာ စုစည်းတင်ပြထားပါတယ်။
2016-04-15
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ သြင်္ကန်သံချပ်ပြိုင်ပွဲ ကျင်းပနေ တာ မနေ့ညက ဒုတိယမြောက်နေ့ဖြစ်ပါတယ်။ မနေ့ညက လာရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေထဲက အပ္ပမာဒေန သမ္ဗာဒေထ သံချပ်အဖွဲ့ရဲ့ ယှဉ်ပြိုင်ခဲ့ တာကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။