သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပဲခူးတိုင်း (အနောက်ခြမ်း) က ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့နဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ ဒေသ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-09
ဒီနေ့ ကျရောက်တဲ့ ၂၇ နှစ်မြောက် ရှစ်လေးလုံး နှစ် ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်း ကျွန်းမြို့နယ်က ဓမ္မပီယဘုန်းကြီးကျောင်းမှာ ကျင်းပ ခဲ့ပါတယ်။
2015-08-09
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ သူ့ရဲ့ ၆ ရက်ကြာခရီးစဉ်အပြီး မနေ့ညက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ သူလေ့လာတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းပြတာဖြစ်ပါတယ်။
2015-08-09
ဒီနေ့ ကျရောက်တဲ့ ၂၇နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးသမိုင်းပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ ဖွင့်လှစ်လိုက်ပါတယ်။
2015-08-06
ပဲခူးတိုင်းဒေသကြီး သာယာဝတီနဲ့ လက်ပံတန်း၊ ဧရာဝတီတိုင်းဒေသကြီးက ညောင်တုန်းနဲ့ ဟင်္သာတမြို့နယ်တွေမှာ မြစ်နဲ့ ချောင်းရေတွေ တက်လာတာများတာကြောင့် မြို့နယ်တွေ မှာ ရေဖုံးလွှမ်းတာတွေ သိသာလာနေပါတယ်။
2015-08-02
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ အနီးတဝိုက် ဟာ ရေမြုပ်နေဆဲဖြစ်ပြီး ရေဘေးဒုက္ခသည်အများစု ဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
2015-08-02
မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ဒေသတွေကို လှူဒါန်းဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကအဖွဲ့ဝင်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေစုပေါင်းပြီး ရန်ကုန်မြို့မှာ အလှူငွေလိုက်လံကောက်ခံနေပါတယ်။