သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-23
တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံးမှာ အင်အား ၈ သောင်းရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်း လဲရေး ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-23
လတ်တလောဖြစ်ပွားနေတဲ့ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးငယ်တွေ နှိပ်စက်ခံရမှုအပါအဝင် မြန်မာနိုင်ငံမှာ အိမ်အကူအမျိုးသမီးတွေ မတရားညှဉ်းပန်းနှိပ်စက်ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စတွေ ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-22
တခေတ်တခါက အားကောင်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းသွားတဲ့ စာဖတ်တတ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေး အတွက် လူငယ်တွေကို အားကိုးရမှာဖြစ်ကြောင်း၊ အင်အားမများပေမယ့် ဒီကနေ့ ခေတ်မှာရှိနေတဲ့ စာပေမြတ်နိုးတဲ့ လူငယ်တွေ ဒီထက်မက တိုးပွား လာရင် ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင် ပြန်လည် ထွန်းကားလာမယ်လို့ မျှော်လင့်ရကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-09-22
မြန်မာနိုင်ငံမှာ ဒုစရိုက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့အတူ မင်းမဲ့စရိုက်ဆန်တဲ့ မှုခင်းတွေ ပိုမိုများပြားလာနေတဲ့အကြောင်း RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-22
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်တွေကို နစ်နာသူတွေ ထံ လျော်ကြေးငွေပေးပြီး ကျေအေးစေဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ဥပဒေပညာရှင် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2016-09-19
ကမ္ဘာပေါ်ရှိမြို့ကြီးတိုင်းမှာ ကြုံနေရတဲ့ လမ်းဘေးဈေး သည်ပြဿနာမျိုး ရန်ကုန်မှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်က လမ်းဘေးဈေးသည် ပြဿနာမှာတော့ တခြားနဲ့မတူတဲ့ နက်နဲမှုအကြောင်းတွေရှိနေတယ် လို့ သုံးသပ်သူတွေရှိနေတဲ့အကြောင်း ဦးတင်အောင်ခိုင် က တင်ပြထားပါတယ်။
2016-09-17
စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က ထုတ်ဝေတဲ့ USA Today သတင်းစာမှာ မြန်မာပြည်ဆိုင်ရာ အမေရိ ကန် သံအမတ်ကြီးဟောင်း Derek Mitchell က “Why I’m with her” လို့ အမည်တပ်ပြီး ဟီလာရီ ကလင်တန် ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာပြည်အကြောင်း ဆက်စပ်ရေးသားထား တဲ့ ဆောင်းပါးတပုဒ်ဖေါ်ပြ ပါရှိပါတယ်။
2016-09-17
ဝါရှင်တန် ဒီစီမြို့တော်ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၅ ရက် မနေ့ညနေက အမေရိကန် အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းကကျင်းပတဲ့ ညစာစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-09-16
မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ခြိမ်းခြောက် တိုက်ခိုက်မှုတွေ၊ အငြင်းပွားဖွယ် ပို့စ်တွေ ကို ဖြန့်ဝေမှုတွေနဲ့ပတ်သက်ပြီး ပညာပေး အစီအစဉ်တွေလုပ်ဖို့ လိုအပ်နေသလို၊ ဥပဒေအရ လည်း ကျူးလွန်သူတွေကို မှန်မှန်ကန်ကန် အရေးယူဖို့ လိုအပ်နေတယ်ဆိုတဲ့ ထောက်ပြ မှုတွေရှိနေပါတယ်။
2016-09-15
အစိုးရသစ်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးမူဝါဒနဲ့ စိန်ခေါ်မှုအခက်အခဲတွေအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-15
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စ ကလည်း အကြီးမားဆုံးတခုအဖြစ် ပါနေတာတွေ့ရ ပါတယ်။
2016-09-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် အစိုးရ က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းနိုင်တယ်ဆို တဲ့ သုံးသပ်ချက်တွေရှိနေသလို ပိတ်ဆို့ အရေးယူ မှုတွေ ဆက်ထားသင့်တယ်ဆိုတဲ့ ထောက်ပြ ချက်တွေလည်း ရှိနေပါတယ်။
2016-09-14
မြန်မာနိုင်ငံက ဘေးမဲ့တောနယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ ဝန်ထမ်းအင်အား နည်းပါးတာတွေကြောင့် သစ်တောကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းတွေ ထိရောက်မှုနည်းနေ တာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2016-09-13
၂၁ ရာစု ပင်လုံညီလာခံရဲ့ နောက်ဆက်တွဲအနေ နဲ့ နိုင်ငံရေးမူဘောင်အဆင့်ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။
2016-09-09
ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်အလုပ်မှုဆောင် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးတို့ကို ပါတီကနေ ထုတ်ပယ်လိုက်တဲ့အတွက် တောင်ကြီး မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌနဲ့ အတွင်းရေး မှူးတို့က ပါတီက နှုတ်ထွက်ကြောင်း ဗဟိုဌာနချုပ် ကို စာတင်လိုက်ပါတယ်။