သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-08
ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေက တချို့မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ပြန် မဖွင့်နိုင်သေးပါဘူး။
2016-06-08
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ပင်လယ်ကမ်းခြေ မှာ ဒီရေတောတွေ ပြန်လည်စိုက်ပျိုးပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆို ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဒီနေ့ ထောက်ခံဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင် လိုက်ပါတယ်။
2016-06-07
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ အခုရက်ပိုင်းတွေအတွင်း အရင်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်း ကို ပြန်စလိုကြောင်း ပြောလိုက်သလို ဒေသခံတွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2016-06-06
ဒီနေ့ဟာဆိုရင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ဖြစ်ပါတယ်။ သစ်တောတွေမှာ မှီခိုနေ ထိုင်ကြတဲ့ သဘာဝတော ရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်ရောင်း ဝယ်မှုတွေ လျှော့ချပေးနိုင်ဖို့ အစိုးရသစ် အနေနဲ့လုပ်ဆောင်ပေးနိုင်ဖို့မျှော်လင့် တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ က ပြောပါတယ်။
2016-06-05
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) တည်ထောင်ခြင်း ၃ နှစ်မြောက် ညီလာခံ အခမ်းအနား ကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင် ဆန်းတောရတပ်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး အဲဒီညီလာခံကနေ အချက် ၈ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-06-02
ကျောက်မျက်လုပ်ငန်းရှင်းတွေထံက ကောက်ယူထား ပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ယူရိုငွေ ၉၃ သန်း ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ အရင် သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် သတင်းစာရှင်းလင်းပွဲကျင်းပပြီး အလွဲသုံးစား လုပ်တာမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
2016-06-01
အရင်အစိုးရလက်ထက်က သမဝါယမဝန်ကြီးဌာန က China Exim Bank ကနေ ဒေါ်လာသန်း ၁၀၀ ချေးပြီး တောင်သူတွေထံ စိုက်ပျိုးစ ရိတ်ချေးငွေတွေချထားပေးခဲ့ပါတယ်။ လက်ရှိမှာတောင်သူတွေက ချေးငွေပြန်ဆပ် ဖို့အတွက် ထပ်ဆင့်ချေးယူရတဲ့ ပြဿနာတွေ ရှိနေပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇သောင်းကျော် အသုံးပြုသွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေက ဒေသခံတွေနဲ့ ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ တွေ့ဆုံစဉ် ပြောပါတယ်။
2016-05-31
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေနံလက်ယက်ရေနံတွင်း လုပ်ငန်းရှင်တွေထံက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကောက်ခံခဲ့တာရှိပြီး ခန့်မှန်းငွေကျပ် ၂.၈ ဘီလီယံခန့်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
2016-05-31
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ချုပ်ဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းပါတီတွေ တသံတည်းထွက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလို့ ဦးဆောင်သူတွေကပြောပါတယ်။
2016-05-31
ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည် နယ်တွေမှာ မုန်တိုင်းရန်ကနေ အကာအကွယ်ပေး တဲ့ ဒီရေတောတွေ ပျောက်ကွယ်ကုန်ပြီဖြစ်တဲ့ အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင် သွင်းခဲ့ပြီး မကြာခင် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးကြမှာဖြစ်ပါတယ်။
2016-05-31
ထုတ်ပယ်ခံရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း ၁၂ ဦးက နိုင်ငံတော် သမ္မတဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနဲ့ ပါတီခေါင်းဆောင်တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိဘူးဆိုပြီး အိတ်ဖွင့် ပေးစာထုတ်ပြန်လိုက်ပါတယ်။
2016-05-30
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (န.က.သ ) ကျောင်းသားတွေနဲ့ ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီး ဌာနမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-05-29
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒုတိယမြောက်နေ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။
2016-05-26
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ UPDJC ကို ပြင်ဆင်ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ UPDJC ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာကို မူဘောင်ရေးဆွဲတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ မနက်ဖြန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။