ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေး SNLD ပါတီ တက်ရောက်ခွင့်မရ


2016.05.31

ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ချုပ်ဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းပါတီတွေ တသံတည်းထွက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလို့ ဦးဆောင်သူတွေကပြောပါတယ်။

ရှမ်းပြည်နယ်မှာ ဒုတိယမဲအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အဲဒီအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်ခွင့်မရတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။