သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-15
ဖေဖော်ဝါရီလ ၁ ၇က်နေ့မှာ ကျင်းပမယ့် လွှတ်တော်ထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ဝင်ရောက်ဆွေးနွေးငြင်းခုန်နေကြမယ့်အချိန်မှာ လွှတ်တော်ကိုစွန့်ခွာကြရမယ့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ ဘာဆက်လုပ်ကြမလဲ။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာဥပဒေကို အမျိုးသားလွှတ်တော် မှာဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သမ္မတထမ်းဆောင် ခဲ့သူတွေအတွက် ဒီဥပဒေလိုအပ်တယ်ဆိုပေမယ့် သမ္မတကို ဥပဒေရဲ့အထက်မှာ ပုံဖော်တာမျိုး မဖြစ်စေဖို့ သတိထားရမှာဖြစ်တယ် လို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2016-01-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီးဒေသတစ်ဝိုက်က ဘိန်းစိုက်ခင်းတွေကို မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ရက်ပိုင်းက ဘိန်းခင်း ဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၄ ဦး ဆွေးနွေးခဲ့ပါတယ်။
2016-01-12
မြန်မာကာတွန်းနှစ် ၁ဝဝပြည့်သက်တမ်းမှာ မြန်မာ ကာတွန်းဆရာတွေရဲ့ နိုင်ငံရေး လူမှုရေးအမြင်တွေနဲ့ ကာတွန်းတွေကို လူထုက ပြန်လည် စိတ်ဝင်စားလာ တာတွေ့ရပါတယ်။
2016-01-12
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေသူတချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-01-12
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတဲ့ ၁၀ လပြည့် အထိမ်းအမှတ်ပန်းချီပြပွဲ မှာ ပန်းချီဆရာအယောက် ၁၀၀ လောက်ရဲ့ ပန်းချီကား ၂၀၀ ကျော်ကို ပြသထားပါတယ်။
2016-01-11
နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မီးလောင်ဆုံးရှုံးခဲ့ရ တဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးက ဈေးသူ၊ ဈေးသားတွေ နဲ့ တွေ့ဆုံပြီး နိုင်ငံတော်သဘာဝဘေးအန္တရာယ် ကူညီထောက်ပံံ့ရေး ရန်ပုံငွေကနေ ဆိုင်ခန်းတစ်ခန်း ကို ကျပ်ငါးသိန်း ကနေ ၁၀ သိန်းအထိ ထောက်ပံ့ပေး သွားမှာဖြစ်ပြီး ယာယီဈေးကို ရွှေပြည့်စုံဈေး နဲ့ ရွှေမင်္ဂလာဈေး ကားပါကင် နေရာမှာ တည်ဆောက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ ပါတယ်။
2016-01-10
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ AA ရခိုင့် တပ်မတော်အကြား တိုက်ပွဲတွေ ရပ်တန့်ရေး အတွက် မြောက်ဦးမြို့မှာ ဒေသခံ ၁ဝဝဝ ကျော်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-01-10
ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကြမ်း နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လာမယ့်ဇန်နဝါရီလ ၁၁ ရက်နေ့ လွှတ်တော်မှာ တင်သွင်းဖို့ရှိပါတယ်။
2016-01-10
အခုမီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးကြီးအပါအဝင် ပြန်ဆောက်လုပ်တဲ့ ဈေးသစ်ကြီးတွေဟာ ဈေးအင်္ဂါရပ်နဲ့ မညီကိုက်တဲ့ ဆောက်လုပ်မှုတွေအပြင် ဈေးစည်ပင်အဖွဲ့ရဲ့ စီမံခန်ခွဲမှု အားနည်းတာတွေ အများကြီးကြုံနေရတယ်လို့ ထောက်ပြချက်တွေ ရှိနေပါတယ်။
2016-01-08
ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တပ်တွေ အကြား စစ်ရေးပဋိပက္ခမဖြစ်အောင် စောင့် ကြည့်နိုင်ဖို့အတွက် ဇန်နဝါရီ ၇ ရက်နေ့ မနေ့က ကနေ ဒီကနေ့ အထိ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းက ပြည်ခိုင်ဖြိုးရွာလို့ နာမည်တပ်ထားတဲ့ ကျေးရွာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြို့နယ်ပါတီတာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြန်လည်ဖြုတ်သိမ်းနေပါတယ်။
2016-01-07
အရပ်ဘက်အုပ်ချုပ်ရေးဌာနတွေမှာ စစ်တပ် ကပြောင်းလာတဲ့ အငြိမ်းစားအရာရှိတွေ ခန့်ထား မှုတွေကို ဆန့်ကျင်တဲ့ ဖဲကြိုးပြာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက လျှပ်စစ်အင်ဂျင်နီယာတွေကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-01-07
လာမယ့် ဇန်နဝါရီ ၈ ရက်၊ ၉ ရက် နေ့တွေမှာကျင်းပမယ့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ပြဿနာတွေကို ဖြေရှင်းမယ့် အစည်းအဝေးအတွက် အသေးစိတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။