သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-01
ယူနက်စကို စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အုတ်ကျောင်းတွေ၊ တံတိုင်းတွေကို တင်ဒါခေါ်ယူပြီး ပြုပြင်မယ်ဆိုရင် ထိန်းသိမ်းရမယ့် ရှေးလက်ရာတွေ ပျောက်ပျက်သွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
2020-12-01
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက် မြို့နယ် ၂၁၈ ခုမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ ဖြစ်စဥ်တွေကို ပြန်စိစစ်နေတယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေကတော့ ဒီ လုပ်ဆောင်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ထောက်ပြဝေဖန် နေကြပါတယ်။
2020-12-01
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ သဘောထားတွေ ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးဟာ ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။
2020-12-01
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ နေစဉ်ထောင်ကျော်တွေရှိနေပြီး ဒီနေ့အထိ ကူးစက်ခံရသူ ကိုးသောင်းကျော်ထိ ရှိနေပါတယ်။ ပိုးကူးစက်ခံရသူ များနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ပိုးတွေ့လူနာအားလုံးကို ဆေးရုံတင်ကုသတဲ့စနစ်အပါအဝင် အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းနည်းတွေကို ပြောင်းလဲဖို့လိုပြီလို့ ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။