သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-09
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၇၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သမဂ္ဂပေါ်ပေါက် လာပုံနဲ့ သမဂ္ဂရဲ့ရပ်တည်ချက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2015-05-09
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အစိုးရဘက်က အဆင်သင့်ဖြစ်နေပြီလို့ ပြောနေပေမယ့် လက်ရှိအနေအထားတွေအရ နှောင့်နှေးမယ့် အနေအထားတွေ တွေ့မြင်နေရပြီလို့ တိုင်းရင်းသားခေါင်းဆောင် တချို့က သုံးသပ်ပါတယ်၊ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။
2015-05-06
မွန်ပြည်နယ် ရေးမြို့နယ်မှာ Toyo-Thai ကုမ္ပဏီက တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံကို ဒေသ ခံ ကျေးရွာသား ၇ထောင်လောက်က စက်ရုံ တည်ဆောက်မယ့် အံဒင်ရွာလယ်ကဘောလုံးကွင်း အတွင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2015-05-06
၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လပွတ္တာမြို့နယ်၊ ကျေးရွာအုပ်စုပေါင်း ၁၃ ခုက မိသားစု ၉ဝ ကျော်ဟာ လပွတ္တာမြို့ နားက ၃ မိုင်မြို့သစ်မှာ မူလနေထိုင်ခဲ့တဲ့ နေရာကနေ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
2015-05-05
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမှာ SME လို့ခေါ် ကြတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့လိုအပ်တယ်လို့ နိုင်ငံတကာ ပညာ ရှင်တွေက ပြောဆိုကြပါတယ်။
2015-05-04
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခတ်ရပ်စဲရေးဆွေးနွေး ပွဲတွေမှာ အရင်ကထဲထဲဝင်ဝင် ပါဝင်မှုမရှိခဲ့တဲ့ UWSP ဝပြည် သွေးစည်းညီညွှတ်ရေးပါတီက အခုဆိုရင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကိုဖိတ်ခေါ်ပြီး ၆ ရက်ကြာ ညီလာခံကို ကျင်းပနေပါတယ်။
2015-05-04
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအချို့မှာ မဲဆွယ်စည်းရုံးရေးအတွက် ငွေကြေးအကြပ်အတည်းတွေ ရှိနေပါတယ်။ ဝင်ရောက်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ကိုယ့်စားရိတ်နဲ့ကိုယ် စိုက်ထုတ်ရမှာဖြစ်တယ်လို့ ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။
2015-05-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့စည်းနေသလို မဲစာရင်းစီစစ်ဖို့အတွက် လည်း ဗဟိုအဆင့်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
2015-05-02
ဒီမိုကရေစီ ပညာရေးတောင်းဆိုသပိတ်မှောက်လို့ အစိုးရကဖမ်းဝရမ်းထုတ်ထားတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကို ကို၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရဲရင့်ကျော် နဲ့ မြောင်းမြခရိုင်တာဝန်ခံ ကိုမြတ်သူတို့ကို တရား ခံပြေး အဖြစ်ဆက်လက်သတ်မှတ်ထားမှာဖြစ်တယ် လို့ ရှေ့နေတွေ က ပြောပါတယ်။