သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-13
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒထုတ်ဖေါ်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-13
ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်မှူးကြီး ဗထူး နှစ်တစ်ရာပြည့်နေ့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဗထူး ကို သိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဗိုလ်မှူးကြီး ဗထူးအကြောင်းကို ပြောပြထားပါတယ်။
2016-07-11
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ အလုံးအရင်းနဲ့ ဝင်လာတဲ့ စီးကရက်ကုမ္ပဏီတွေ ဟာ ဈေးချိုချိုနဲ့ ရောင်းနေတဲ့အကြောင်းနဲ့ စီးကရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင် တာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-07-09
ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီး ပထမရက် ၁၀၀ အတွင်း အပြောင်းအလဲတချို့နဲ့ ကျန်ရှိသေးတဲ့ စိန်ခေါ်မှုတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-07-08
ပဲခူးတိုင်းက မြေသိမ်းယာသိမ်းမှုတွေကို ဖော် ထုတ်ရေးသားနေတဲ့ စာရေး ဆရာ အောင်ထိပ် ခေါ် ဒေါက်တာစိုးမြင့်သန်း ဓာတ်ပုံနဲ့ Facebook လူမှုကွန်ရက် စာမျက်နှာ အတုကို တစ်စုံတယောက်က ဖွင့်လှစ်ထားပြီး အဲ့ဒီမှာ ဖော်ပြတဲ့သတင်းကြောင့် ကဝိဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာစိုးမြင့်သန်း ဒီလ ၄ ရက်နေ့က ဖမ်းဆီးခံရပြီး ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူခံထားရပါတယ်။
2016-07-08
ဒီကနေ့ ဇူလိုင် ၇ ရက်နေ့ဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာရှင် အစိုးရကို ဆန့်ကျင် ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရန်ကုန်တက္က သိုလ်ဝင်းအတွင်းမှာ အပစ်ခံရပြီး ဖမ်းဆီးခံရတဲ့ ၅၄ နှစ်မြောက် ဖြစ်တဲ့အတွက် 7 July အခမ်းအနားတွေ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။
2016-07-07
ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေက ကျေးရွာအတော်များများ ရေနစ်မြုပ်နေ ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပါတယ်။
2016-07-07
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီအစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ Horizon Lake View Hotel မှာ ဇူလိုင်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၄ ရက် ကြာကျင်းပခဲ့တာ ဖြစ်ပါတယ်။
2016-07-06
မြန်မာနိုင်ငံမှာ စိုးရိမ်စရာဖြစ်နေရတဲ့ ဘာသာရေး ပဋိပက္ခတွေကို တရားဥပဒေအရကိုင်တွယ်ဖြေရှင်း သင့်ပြီလို့ ထောက်ပြကြတာနဲ့ ပတ်သက် ပြီး ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့ရဲ့ သဘောထား၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးရဲ့ ကြိုးပမ်းချက် ၊ မြန်မာနိုင်ငံ အစ္စလာမ် သာသနာ့ကောင်စီ တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေရဲ့အမြင်နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင် တို့ရဲ့ သုံးသပ်ချက်တွေကို ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2016-07-05
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအစိုးရက ဖိတ်ကြားလို့ စင်ကာပူနိုင်ငံကို လေးရက်ကြာ ခရီးရောက်ရှိနေပါတယ်။
2016-07-05
၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ ၁ အစည်းအဝေးမှာ NCA မှာ လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
2016-07-03
အမှတ် ၉၅၈ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ က ဒီနှစ် ဇန်နဝါရီလမှာ အင်အားသုံးပြီး ဖယ်ရှား လိုက်တဲ့ မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့ နယ် ညောင်နီကျေးရွာက ရွာသားတွေရဲ့ နောက်ဆုံး အခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-07-02
မြန်မာပြည်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီး ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေပါ တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ် စားလှယ် မစ္စယန်ဟီးလီက ပြောကြားလိုက်ပါတယ်။
2016-07-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ အလောင်း ၇ လောင်း တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
2016-07-02
၂၁ ရာ စုပင်လုံညီလာခံမှာ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံဆွေးနွေးမှသာ တိုင်ရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။