သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-19
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ ၂ဝ၁၂ ခုနှစ်ကစပြီး အစိုးရ ၂ ဆက်အတွင်း ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ရှစ်ခုဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်တာ၊ အကြမ်းဖက်တာ တွေကို စုံစမ်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-09-19
Facebook ပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်ပုတ်ခတ်ရေးသားခဲ့သူ ငါးမင်းဆွေကို အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ် ၁ သိန်းနဲ့ အမိန့်ချလိုက်ပါတယ်။
2018-09-19
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှောင်းထုတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ပဏာမ ကြားနာစစ်ဆေးမှုတွေကို စတင်လိုက်ကြောင်း နယ်သာလန်နိုင်ငံ The Hague သည်ဟိဂ်မြို့ရှိ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့ မနေ့က ကြေညာပါတယ်။
2018-09-18
တပ်မတော် အာဏာသိမ်းနှစ်ပတ်လည်အဖြစ် တပ်မတော်ပိုင် မြဝတီရုပ်သံလွှင့်ဌာနကနေ ရှစ်လေးလုံး အရေးအခင်း ဆူပူအုံကြွမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်’’ ဆိုတဲ့အမည်နဲ့ ဝါဒဖြန့် မှတ်တမ်းရုပ်သံတစ်ခုကို ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။
2018-09-18
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသား ၄၁ ယောက် ထွက်ပြေးခဲ့တဲ့အမှုမှာ သံသယ ရှိတဲ့အတွက် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေကို အကျဉ်းဦးစီးဌာန ဗဟိုကနေ လာရောက် စစ်ဆေးနေပါတယ်။ ထွက်ပြေးတဲ့အကျဉ်းသားတွေကိုလည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေပါတယ်။
2018-09-18
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ဝင်ရောက်စစ်ဆေးတာ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ယူစစ်ဆေး ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို တင်ပြထားပါတယ်။
2018-09-18
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူဖို့၊ မြန်မာ့တပ်မတော်ကို အုပ်ချုပ်မှုအာဏာကနေ ဖယ်ထုတ်ပြီး အစိုးရအောက်မှာထားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အဖွဲ့က အစီရင်ခံစာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-17
အစိုးရခေတ် အဆက်ဆက်က ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့ နိုင်ငံရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုနေကြသလို၊ လက်ရှိအချိန်မှာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေတွေနဲ့ အရေးယူမှုတွေလည်း ရှိနေပါတယ်။
2018-09-17
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ဝင်ရောက်စစ်ဆေးတာ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကို ခေါ်ယူစစ်ဆေး ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေပါတယ်။
2018-09-17
ကရင်ပြည်နယ် တောင်ကလေးမှာရှိတဲ့ ဘားအံအကျဉ်းထောင်မှာ လွတ်ရက်မရှိ ထောင်ကျနေသူက ဦးဆောင်ပြီး ထောင်သား ၄၁ ဦး မနေ့မနက်ပိုင်းက ထောက်ဖောက်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့အတွက် ပြည်နယ်ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်အပါဝင် အဖွဲ့တွေက ကရင်ပြည်နယ်တစ်ခုလုံးကို ပိတ်ဆို့ရှာဖွေဖမ်းဆီးနေပါတယ်။
2018-09-14
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး စီရင်ဆုံးဖြတ်ရာမှာ အဂတိ လိုက်စားခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိ ခြောက်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မနေ့က အမှုဖွင့် အရေးယူလိုက်ပါတယ်။
2018-09-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီးနောက် မနေ့ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
2018-09-13
မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ရာဇဝတ်မှုခင်းတွေ ထူပြော များပြားလာနေဆဲ ဖြစ်နေပါတယ်။ သာမန် လူထုအတွင်း စီးပွားရေး ကျဆင်းလာနေတာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ လုံခြုံရေးဝန်ထမ်းအင်အား မလုံလောက်တဲ့ အခြေအနေတွေကလည်း မှုခင်းတွေ များပြားလာစေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2018-09-13
ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတာဟာ သတင်းထောက်တွေဖြစ်လို့ ထောင်ဒဏ် အပြစ်ပေးတာမျိုး မဟုတ်ဘဲ နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2018-09-13
ကချင်ပြည်နယ်အတွင်း ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြစ်ဆုံတစ်လျှောက်က ကျေးရွာတွေမှာ တရုတ်ကုမ္ပဏီဘက်က စည်းရုံးရေးဆန်ဆန် ဟောပြောတာတွေ၊ အသိပညာပေးတာတွေ လာရောက်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။