သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-26
ဒီနှစ် ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။
2016-05-25
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျုးကျော်နေထိုင်သူတွေ ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီး ဒီနေ့ မေလ ၂၅ ရက်နောက်ပိုင်း နောက်ထပ်တိုးလာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2016-05-25
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်စွမ်း အလွန်နိမ့်ကျနေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ အဓိကကျတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
2016-05-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့အခြေစိုက် ရှင်သန်ရေးကူညီမှုအသင်း ကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်သတ်မှတ်လိုက်ကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-05-25
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ အစိုးရက ပြင်ဆင်နေပြီး NCA ခေါ်တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အပြင် အခြားအဖွဲ့တွေပါ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်
2016-05-22
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။
2016-05-22
ရုရှားနိုင်ငံ ဆိုချီမြို့မှာ မြန်မာသမ္မတ ဦးထင်ကျော် အပါအဝင် အာဆီယံ ၁ဝ နိုင်ငံခေါင်းဆောင်တွေ သွားတက်ခဲ့တဲ့ ရှရှား-အာဆီယံထိပ်သီးညီလာခံ အပြီး၊ ရုရှား-မြန်မာ ဆက်ဆံရေး အလားအလာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-05-22
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရဲချုပ် ဦးဇော်ဝင်းတို့က မှုခင်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ရဲတပ်ဖွဲ့တွေ လိုက်နာရမယ့် အချက်တွေကို ရှင်းပြခဲ့ပါတယ်။
2016-05-21
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း မိုးကြီးနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အတွက် အခက်အခဲတွေ ပိုမိုကြုံတွေ့နေကြရ ပါတယ်။
2016-05-21
မြန်မာနိုင်ငံသားခံယူခွင့်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အစိုးရအနေနဲ့ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲဆုံး ဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
2016-05-19
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံ ကူညီသူတွေကို ရန်ကုန်-မန္တလေး လမ်းဟောင်းက တပ်ကုန်းမြို့အနီး နေပြည်တော်ကောင်စီနယ်မြေ အဝင်မှာ ရဲတပ်ဖွဲ့က အလုပ်သမားတွေနဲ့ ဝန်းရံသူတွေအားလုံးကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲမယ်လို့ ပြောပါတယ်။
2016-05-19
တနင်္သာရီတိုင်း မြိတ်မြို့မှာ အနံ့ဆိုးတွေ ထွက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခုနဲ့ ကြက်မွေးမြူရေးခြံကို မြို့ထဲကနေဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2016-05-18
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးသစ်ဆင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-05-17
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို ပြင် ဆင်ဖြည့်စွက်မှုတွေနဲ့အတူ နောက်ထပ်သက်တမ်း တစ်နှစ်တိုးလိုက်ပါတယ်။
2016-05-14
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်ကို ရောက်ရှိ လာပြီး အမေရိကန်ကျောင်းတွေမှာ အထက်တန်းပညာကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မြန်မာကျောင်းသား လူငယ်တွေကို ဂုဏ်ပြုပွဲ ဖို့တ်ဝိန်းမြို့မှာ မေလ ၁၄ ရက်၊ စနေနေ့က ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။