Myanmar Veneer အလုပ်သမားခေါင်းဆောင်နဲ့ ဝန်းရံသူတွေကို တရားစွဲမည်
2016.05.19
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံကူညီသူတွေကို ရန်ကုန်-မန္တလေး လမ်းဟောင်းက တပ်ကုန်းမြို့အနီး နေပြည်တော်ကောင်စီနယ်မြေ အဝင်မှာ ရဲတပ်ဖွဲ့က အလုပ်သမားတွေနဲ့ ဝန်းရံသူတွေအားလုံးကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲမယ်လို့ ပြောပါတယ်။
RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က ပေးပို့ပြီး ကိုသီဟထွန်းက တင်ပြထားပါတယ်။