သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-12
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စားသောက် ဆိုင်တွေနဲ့ ဖျော်ဖြေရေးဆိုင်တွေကို ည ၁၁ နာရီပိတ်ရမယ်ဆိုပြီး ညွှန်ကြားထားတာကြောင့် မနေ့ညကစပြီး စားသောက်ဆိုင်တွေအားလုံး ပိတ်ကြပါတယ်။
2016-05-12
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာ မီးလောင်ပြီး အိမ်ခြေ ၆ဝ ကျော်လောက်ပါသွားခဲ့ပါတယ်။ မီးလောင်တာဟာ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA က ရှို့ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပါတီတွေက TNLA ထံစာပို့ထားပြီး နေအိမ်တွေ ပြန်ဆောက်ပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
2016-05-12
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ အစိုးရပိုင်မြေနေရာကို ပုဂ္ဂလိကထံ နှစ်ရှည်ဌားရမ်းပြီး ဆေးရုံတည်ဆောက်မယ့်ကိစ္စ ရပ်ဆိုင်းပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့အတွက် ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-05-12
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေ ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရက အကူအညီပေးဖို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2016-05-10
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်က ဒီနေ့ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotel မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-05-10
မြစ်ဆုံရေကာတာစီမံကိန်း လုံးဝရပ်တန့်ပေးဖို့နဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ အတွက် လျော်ကြေးငွေပြန်လည်ရရှိဖို့ ဒေသခံတွေက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ ပေးပို့လိုက်ပါတယ်။
2016-05-10
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့ တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-05-10
မြန်မာ့အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံလည်းဖြစ် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံလည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မနေ့က သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နိုင်ငံတကာအရေးထက် အမျိုးသားရေး ဦးစီးပေးတဲ့ နှုတ်မစောင့်တဲ့ မြို့တော်ဝန်ဟောင်း Rodrigo Duterte က မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပါတယ်။
2016-05-10
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ဖို့ အစီစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့သလို အမျိုးသားလွှတ်တော် မှာလည်း ဥပဒေကြမ်းကော်မတီက အဲ့ဒီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို မေလ ၆ ရက်နေ့က တင်သွင်းထားပါတယ်။
2016-05-08
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းတွေ ပြန်လည် ဖ့ွံဖြိုး တိုးတက်လာဖို့အတွက် ပညာရှင်တွေနဲ့ ဒေသခံ ဆားတောင်သူတွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-05-07
ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာနေပါတယ်။
2016-05-07
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။
2016-05-06
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗကသ အဖွဲ့က ဘဏ္ဍာရေးကိစ္စ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထုညီလာခံ ခေါ်ယူနိုင်ရေးကိစ္စအပြင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ တင်ပြထား တဲ့အကြောင်းတွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2016-05-05
မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာမှာရှိတဲ့ ခရစ် ယာန်ဘုရားကျောင်းဝင်းအတွင်းနဲ့ ရွှေဂွန်းကျေးရွာက အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေနဲ့ ဗလီလမ်း ကြားမှာ စေတီတွေ တည်လိုက်တာကြောင့် ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်တွေက အစိုးရအနေ နဲ့ ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
2016-05-05
ပညာရေးဝန်ကြီးဌာန လက်အောက်မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပြောင်းလဲဖွဲ့စည်းခဲ့တာရယ်၊ မွေးခွန်းပေါက်ကြားမှုတွေအပြင် မကွေးတိုင်းအတွင်းက အရည်အသွေးမမှီတဲ့ ကျောင်းဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြပြီး ပညာရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။