ည ၁၁ နာရီ ဆိုင်ပိတ်အမိန့် ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဝန်ကြီး ပြော


2016.05.12

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးဆိုင်တွေကို ည ၁၁ နာရီပိတ်ရမယ်ဆိုပြီး ညွှန်ကြားထားတာကြောင့် မနေ့ညကစပြီး စားသောက်ဆိုင်တွေအားလုံး ပိတ်ကြပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အစိုးရအဖွဲ့က ညွှန်ကြားထားတာ မရှိကြောင်းပြောပါတယ်။ ဆိုင်ပိုင်ရှင်တွေရဲ့ ပြောကြားချက်တွေကို  RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။