သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-27
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ် ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးတို့ရဲ့ ဒီအန်အေ ကို ပြန်လည်စစ်ဆေးပေးဖို့ လာမယ့် မေလ ၂၃ ရက်နေ့ ဘန်ကောက်မြို့က အယူခံတရားရုံးမှာ တင်ပြမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူး အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
2016-04-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကန့်ကွက်ကြောင်း ကျောက်တော်မြို့မှာ လူပေါင်း ၁၅၀၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-27
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပါတယ်။
2016-04-27
၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်အခြေအနေဟာ ၁၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Freedom House အဖွဲ့က ဧပြီ ၂၇ ရက် မနေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
2016-04-26
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် ၂၀ လောက်က လုပ်ငန်း ရှင်တွေနဲ့ ဒီနေ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မှာ တွေ့ဆုံပြီး စက်မှုဇုန်တွေမှာ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။
2016-04-24
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ၊ တခြား စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ရန်ကုန်မြို့က UMFCCI မှာ တွေ့ဆုံခဲ့ပါတယ်။
2016-04-24
မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က မိုးသီးကြွေကျတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိသလို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
2016-04-23
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ၆ဝ ကျော်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာကိစ္စကို ရှင်းပြခဲ့ပါတယ်။
2016-04-22
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
2016-04-22
ဟံသာဝတီ သတင်းစာဆရာကြီးလို့ လူသိများပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခဲ့တာ ဧပြီလ ၂၁ ရက်နေ့ ဒီနေ့ဟာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။
2016-04-19
အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံအနှံ့မှာ အရင်နှစ်တွေထက်ပိုပြီး သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။
2016-04-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုင်းပြည်ကို နှစ်သစ်ကူးမိန့်ခွန်းပြောကြား ခဲ့ပါတယ်။
2016-04-18
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်ဆန်းတစ် ရက်နေ့မှာ အကျဉ်းသား ၈၃ယောက်ကို လွှတ်ပေး ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ ပါတယ်။
2016-04-18
၂ဝ၁၆ ခုနှစ် သြင်္ကန်ရက်တွေအတွင်း အများပြည်သူတွေလုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-04-17
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့ကြတဲ့ နာယကဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို နှစ်သစ်ကူး ကန်တော့ခဲ့ကြပါတယ်။