မုန်တိုင်းတိုက်ခတ်၊ မိုးသီးကြွေ လူ ၅ ဦးသေ၊ အိမ် ၅၀၀၀ ပျက်စီး
2016.04.24
မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က မိုးသီးကြွေကျတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိသလို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
နေအိမ်ပျက်စီးခဲ့တဲ့ အခြေအနေတွေနဲ့ အစိုးရအဖွဲ့ရဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို RFA သတင်းထောက် မဇာဏီထွဏ်း က စုစည်းတင်ပြထားပါတယ်။