သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-28
သြင်္ကန်ပွဲတော်အပါအဝင် မြန်မာနိုင်ငံက ပွဲလမ်းသဘင်တွေ၊ နေ့ထူးနေ့မြတ်တွေဟာ ရိုးရာနဲ့ပျော်ပွဲတွေဖြစ်တဲ့အပြင်၊ တဘက်မှာ မှန်ကန်တဲ့စီးပွားလုပ်ငွေရှာမယ် ဆိုရင် နိုင်ငံသားတွေရော၊ အစိုးရပါ အကျိုးရှိမှာဖြစ်ပါတယ်။
2017-03-28
ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်ရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအဆင့် အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ အမြန် ဆုံးစေလွှတ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံပေမယ့် ဒီလို အဖွ့ဲတွေ စေလွှတ်ဖို့ ဖြစ်လာတဲ့ အကြောင်းအရင်း တွေကို ဖြေရှင်းဖို့ အမြန်ဆုံးနည်းလမ်း ရှာသင့်ပြီ ဆိုတဲ့ ထောက်ပြ ချက်တွေရှိနေပါတယ်။
2017-03-28
ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက်တပ်မတော်နေ့နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြ ထားပါတယ်။
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေး အတွက် ပါတီ နာယက သူရဦးတင်ဦးက ဒီနေ့ မုံရွာမြို့မှာ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2017-03-27
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးမမှားဖို့နဲ့ အလိမ်မခံရအောင် ရွေးချယ်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ဒီကနေ့ မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ပြောပါတယ်။
2017-03-24
NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး ထွက်ပြေးလွှတ်မြောက်နေတဲ့ တရားခံ အောင်ဝင်းခိုင် ဖမ်းမိရေးအတွက် မြန် မာနိုင်ငံရဲတပ်ဖွဲရဲ့ ကြိုးပမ်းချက်တွေဟာ အားရစရာ မရှိဘူးလို့ ထောက်ပြနေကြပြီး အမှုမှန်ဆက် လက်ဖော်ထုတ်နိုင်ဖို့ အောင်ဝင်းခိုင် ဖမ်းမိရေး အတွက် ရဲတပ်ဖွဲ့မှာ အဓိကတာဝန်ရှိတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြလိုက်ကြပါတယ်၊ မသင်းသီရိက တင်ပြထားပါတယ်။
2017-03-24
ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြင် ဆင်ပေးပါလို့ တောင်းဆိုနေတဲ့ ကျောက်မျက်ရတနာ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပြီၤး၊ အဲဒီက တဆင့် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်က ဆက်လက်အတည်ပြုမှာ ဖြစ်ပါတယ်။
2017-03-23
NLD အစိုးရလက်ထက် ၂ဝ၁၆ တစ်နှစ်တာ မှာ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃ဝ ရာခိုင်းနှုန်းအထိ ကျဆင်းသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ရှင်းလင်းတိကျတဲ့ စီးပွားရေးမူဝါဒ အချိန်မီ မထုတ်ပြန်နိုင်ခဲ့တဲ့ အချက်က အဓိကပါဝင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
2017-03-22
ကမ္ဘာ့ပညာရပ်မျိုးစုံကို youtube ကနေ သင်ယူပြီး မိမိကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးနိုင်တဲ့ Deep Learning ဆိုတဲ့ အိုင်တီနည်းပညာသစ် နဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ကြားတဲ့ ဘာသာရပ်တွေကို Khan Academy က အွန်လိုင်းကနေ အခမဲ့သင်ကြားခွင့်ပေးတာမို့ မြန်မာ နိုင်ငံက အင်တာနက်သုံးနေသူတွေ အသုံးချနိုင် တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထား ပါတယ်။
2017-03-22
မွန်ပြည်နယ်က ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်တဲ့အတွက် ကန့်ကွက် ဆန္ဒပြတာဟာ ဗိုလ်ချုပ်အောင်ဆန်း ကိုဆန့်ကျင်တာမဟုတ်ဘဲ၊ လူမျိုးစုတိုင်းရင်းသားတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုတဲ့ အတွက်ကြောင့်လို့ ပြောဆိုကြပါတယ်။
2017-03-21
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မန္တလေး မစိုးရိမ် ကျောင်းတိုက်ဆရာတော် အရှင်ဝီရသူ ရဲ့ဘာသာရေး လူမျိုးရေး အစွန်းရောက် ဟောပြောချက်တွေကြောင့် ဗုဒ္ဓဘာသာနဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ပုံရိပ်ကို အလွန်တရာထိခိုက်စေတယ်လို့ မြန်မာ့နိုင်ငံရေး ဦးဆောင် ဆရာတော်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
2017-03-21
ဘာသာတရားတစ်ခုမှာ အယူမှားရင် လုပ်ဆောင်ချက်မှားယွင်းပြီး လုပ်ဆောင်ချက်မှားရင် ဆိုးကျိုးတွေ ဖြစ်လာတတ် ပါတယ်။
2017-03-21
ကမ္ဘာတဝန်း ရေရှားပါးတဲ့ ပြဿနာရင်ဆိုင်နေရပြီး တိုးတက်တဲ့နိုင်ငံတွေမှာ ရေအလေအလွင့်မရှိရအောင် ရေစီမံခန့်ခွဲရေး စနစ် ထားရှိပါတယ်။
2017-03-20
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့မညီဘဲ နိုင်ငံ သားပေးနေတဲ့ကိစ္စကိုရပ်တန့်ပေးဖို့ စစ်တွေမြို့မှာ လူပေါင်း ၂၀၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြ ပါတယ်။
2017-03-20
မော်လမြိုင်နဲ့ ချောင်းဆုံမြို့ကို သံလွင်မြစ်ပေါ်ကနေ ဆက်သွယ်ထားတဲ့ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည် ဂုဏ်ပြုသတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်တာကို ကန့်ကွက်ကြောင်း သောင်းဂဏန်းလောက်ရှိတဲ့ မွန်တိုင်းရင်းသားတွေက ဒီနေ့ မော်လမြိုင်မြို့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။