သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-01
အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက် အာရုံစိုက်ကြဖို့ The Forum 2000 ကမ္ဘာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
2022-09-01
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် NUG ဘက်က ကြိုးပမ်းလိမ့်မယ်။ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းပြီး အချိတ်အဆက်ကောင်းကောင်းဆောင်ရွက်သွားရင် တော်လှန်ရေးအောင်ပွဲဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။
2022-09-01
ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လဆန်းလောက်ကစပြီး လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေ ကချင်ပြည်နယ်မှာ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် အခုလိုတိုက်နေတာလို့ KIA အပါအဝင် ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
2022-09-01
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၁၉ မှုထဲက ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) နဲ့ တရားစွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုကို မနက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချဖို့ ရှိနေပါတယ်။
2022-09-01
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ အခြေခံ စားကုန်တွေ အဆမတန် ဈေးတက်လာသလိုပဲ ဆေးဝါးနဲ့ အားဆေးတွေလည်း ဈေးနှစ်ဆ တက်လာတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆေးဝါးအရောင်းဆိုင်တွေက ပြောပါတယ်။
2022-08-31
စစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားနဲ့ ရုရှားက ထောက်ပံ့ထားတဲ့ လက်နက်အင်အား ရှိပေမယ့် အာဏာရယူနိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။ ဒါဟာမြန်မာပြည်သူတွေအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။
2022-08-31
တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ အဲဒီနေ့က တွေ့ဆုံမှုဟာ ကျေနပ်လောက်တဲ့အဆင့်မရှိသေးပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို လေးလေးစားစား တွေ့ဆုံခဲ့တဲ့အတွက် NUG အစိုးရအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
2022-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ ဩဂုတ်လ ၃၀ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနား ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-31
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာကစလို့ စက်သုံးဆီ မလုံလောက်မှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေကြရပါတယ်။
2022-08-30
မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ တရုတ်ရဲ့အခန်းကဏ္ဍ ၅၄ ရာခိုင်နှုန်း ရှိနေတဲ့အတွက် အပြုသဘော လုံးလုံးမဆောင်ဘူးလို့ ရှုမြင်ကြသလို အနည်းနဲ့အများ အပြုသဘောဆောင်ကြောင်း မှတ်ချက်ပြုသူ ၄၀ ရာခိုင်နှုန်း ရှိကြောင်းလည်း တွေ့ရပါတယ်။
2022-08-30
အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီအရေး အားပေးကူညီမှုအပြင် အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ထိန်းချုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေပါတယ်။
2022-08-30
အာဏာသိမ်း ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူနေအိမ် သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံရတာဟာ စစ်ရာဇဝတ်မှု မြောက်တာကြောင့် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2022-08-30
ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ ချင်းဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လမ်းတွေမှာ စစ်ဆေးကန့်သတ်နေတဲ့ အပြင် ကုန်ဈေးနှုန်း မြင့်တက်တဲ့ အတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2022-08-29
နိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းအကူအညီနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပိုမိုထိရောက်စွာ ပြန်လည်ရင်ဆိုင်ရေးအတွက် အထူးစီမံချက်တစ်ခုဖြစ်တယ်လို့ NUG အသိုင်းအဝိုင်းက ပြောပါတယ်။
2022-08-29
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၉ ရက်နေ့က အစိုးရအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တာဟာ ပြည်သူလူထု အကျိုးအတွက် အဓိက မဟုတ်ဘဲ အာဏာဆက်လက်တည်မြဲရေးအတွက် သာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ၁၈ လကျော်အကြာမှာ စစ်ကောင်စီက နိုင်ငံတော်ဗဟိုဘဏ်နဲ့ အရေးကြီး ဝန်ကြီးဌာနတွေက ရာထူးနေရာအချို့ကို ပိုခိုင်မာပြီး အားကောင်းအောင် ပထမဆုံးအကြိမ် အပြောင်းအလဲ လုပ်ခဲ့တာပါ။