သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-08
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သြင်္ကန်မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်း သာခွင့်ပေးလာနိုင်တယ်လို့ လက်ရှိတရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မျှော်လင့်နေကြပါတယ်။
2016-04-07
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဖဲ့ွစည်းရာမှာ ကန့်ကွက် မှုတွေ ရှိခဲ့တာကြောင့် အခက်အခဲတွေ ရှိခဲ့ပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာမှာလည်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ၃ဦးပါဝင်နေတာကြောင့် ကိုယ်စားပြုမှု များလွန်းနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-04-06
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ Wang Yi ဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-04-06
NLD အစိုးရသစ်တက်အပြီး ၅ ရက်အတွင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် မနေ့က ရောက်နေပါတယ်။
2016-04-05
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ နောက်ဆုံး လွှတ်တော်ရဲ့ သဘောထားမေးမြန်းပြီး အတည်ပြုလိုက်ပါတယ်။
2016-04-05
မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် ပြန်လည် ထူထောင်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင် ငံမှာ ဥပဒေ၊ နည်းဥပဒေတွေကို ပြဌာန်းခြင်း မရှိသေးဘူးလို့ မူးယစ်ဆေးဝါးနဲ့ စပ်ဆက်တဲ့ မူဝါဒ ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ DPAG က ပြောကြား လိုက်ပါတယ်။
2016-04-05
ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ၄ ခုထဲက ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ မျိုးသိမ်းကြီးနဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်း တို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြု လိုက်ပါတယ်။
2016-04-03
အစိုးရသစ်လက်ထက်မှာ လူငယ် ပညာရှင်တွေ ထွက်ပေါ်လာနိုင်ဖို့နဲ့ ပညာရှင်တွေကို တာဝန်ပေးနိုင်ဖို့အတွက် "အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
2016-04-02
ရန်ကုန်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေကို တိုင်းဒေသကြီး အစိုးရသစ်အဖွဲ့က ခွင့်မပြုတော့တာ နဲ့ ပတ်သက်လို့ ဂီတအနုပညာရှင်တချို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။
2016-04-01
အမျိုးသားလွှတ်တော်မှာ ''နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ''ကို ဆွေးနွေးခဲ့ရာ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အဲဒီဥပဒေ ကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေ တယ်ဆိုပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြပေမယ့် အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြု လိုက်ပါတယ်။
2016-04-01
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က လက်ရှိ တည်ဆဲ ဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို ပြင်ဆင်၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း အကြံပြုချက်ကို လွှတ်တော် ဥက္ကဋ္ဌတွေထံ ပေးပို့လိုက်ပါတယ်။
2016-04-01
၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့မှာ တရားဝင်ဦးဆောင်ခွင့်ပေးမယ့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့တင်သွင်းခဲ့ပါတယ်။
2016-03-31
သမ္မတသစ်ဦးထင်ကျော်အစိုးရကို သမ္မတ ဦးသိန်းစိန်အစိုးရက ချောချောမွေ့မွေ့အာဏာ လွှဲပြောင်း လိုက်တဲ့အတွက် ပြည်တွင်းပြည်ပ က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဝမ်းမြောက်နေကြတာ တွေ့ရပါတယ်။
2016-03-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကတိသစ္စာပြုပြီးနောက် သမ္မတ ဦးထင်ကျော်က တိုင်းပြည်ကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-03-31
ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ကျင်းပတဲ့ ကတိသစ္စာပြုပွဲ အခမ်းအနားကို အနုပညာရှင်တွေ၊ သံတမန်တွေနဲ့ လေ့လာသူတွေ အများအပြား တက်ရောက်ခဲ့ပါတယ်။