"အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင် တို့ရဲ့ အာရုဏ်ဦး" ဆွေးနွေးပွဲ
2016.04.03
အစိုးရသစ်လက်ထက်မှာ လူငယ် ပညာရှင်တွေ ထွက်ပေါ်လာနိုင်ဖို့နဲ့ ပညာရှင်တွေကို တာဝန်ပေးနိုင်ဖို့အတွက် "အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။