သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-16
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ အရပ်သား သမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့ အပေါ် နိုင်ငံရေးပါတီတွေကလည်း ဂုဏ်ပြုကြိုဆို ကြပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုတိယသမ္မတ ၁ အဖြစ် ဦးမြင့်ဆွေနဲ့ ဒုတိယသမ္မတ ၂အဖြစ် ဦးဟင်နရီဗန်ထီးယူ တို့ကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-03-15
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာမြစ်ချောင်းများနေ့အခမ်းအနားကို မေခနဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံ၊ ကယားပြည် နယ် ဖားဆောင်းမြို့နဲ့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် တို့မှာ ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ကျင်းပခဲ့ကြပါတယ်။
2016-03-15
လာမယ့် အစိုးရသစ်လက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရဝန်ကြီး တစ်နေရာရာမှာ တာဝန်ယူမလား၊ ပါတီဥက္ကဋ္ဌ တာဝန်ပဲဆက်ယူပြီး အစိုးရနဲ့ လွှတ်တော်ကို ထိန်းကြောင်းမလားဆိုတာ လူပြောများတဲ့ ကိစ္စဖြစ်လာပါတယ်။
2016-03-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ကိုင်တွယ် ဖြေရှင်းရမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယာယီ ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းလည်း ပါဝင်ပါတယ်။
2016-03-13
ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ "မြန်မာနိုင်ငံလူ့အခွင့် အရေးနေ့" လို့ သတ်မှတ်ထားတဲ့ RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့တဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
2016-03-13
အရင်အစိုးရလက်ထက်က မရှိခဲ့တဲ့ တရားရေးရာဝန်ကြီးဌာနကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းပေးဖို့ ဥပဒေပညာရှင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ တောင်းဆိုမှုတွေရှိထားတယ်လို့ သိရပါတယ်။
2016-03-11
ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကနေ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံ လိုက်ရတဲ့ ဦးထင်ကျော်နဲ့ ပတ်သက်တဲ့ စာပေလော ကသားတွေရဲ့အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-03-11
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပတ်သက်တဲ့ အမြင်နဲ့ သုံးသပ်ချက်တချို့ကို RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားပါတယ်။
2016-03-11
လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပ မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုတိယ သမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ သုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ် လွှတ်တော် ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ကြမှာ ဖြစ် ပါတယ်။
2016-03-10
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်တွေက ဒီနေ့ အဆိုပြုတင်သွင်းရာမှာ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
2016-03-10
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြ ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ပဲခူး၊ မန္တလေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးတွေမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-03-10
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့တွေက ဒီနေ့ အဆိုပြုတင်သွင်းခဲ့ကြပါတယ်။
2016-03-10
ပဲခူးဆေးရုံကြီးမှာ မတ်လ ၇ ရက်က ပြင်ပဆေး ဆိုင်တွေမှာရောင်းတဲ့ အသည်းရောင်ဘီပိုး ကာကွယ်ဆေးကိုဝယ်ပြီးထိုးလိုက်တဲ့အတွက် မွေး ကင်းကလေးငယ် ၃ ယောက်သေဆုံးခဲ့ရပါတယ်။
2016-03-10
သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတချို့ရဲ့ တိုက်ခန်းလျှောက်လွှာကိစ္စ Facebook အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံံ့ခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေနဲ့ညီညွတ်မှုမရှိပဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေတဲ့ ဆောက် လုပ်ရေးဝန်ကြီး အပါအဝင် ဌာနအကြီးအကဲတွေကို အရေးယူပေးဖို့ ဝန်ထမ်းတွေက မတ်လ ၈ ရက်နေ့ စွဲနဲ့ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့ လိုက်ကြောင်း သိရပါတယ်။