သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-10
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဒေသခံတွေရဲ့ လက်လုပ်ရေနံတွင်း ၃၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီရေနံတွင်းတွေကနေ PDF အဖွဲ့တွေ အထောက်အပံ့ ရနေတာကြောင့် လုံခြုံရေးအရ ဆောင်ရွက်နေတာလို့ ပြောဆိုပါတယ်။
2022-08-09
သြဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ဟုမ္မလင်းမြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသားတပ်မတော်(SNA) စခန်းကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်မဟာ ၉ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ထိပ်တန်းခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။
2022-08-09
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဩဂုတ် ၈ ရက် မနေ့ကအထိ ရှစ်လလောက်အတွင်း ကျေးရွာပေါင်း ၃၀ က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-08-09
၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၃၁ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ “စိန်ခေါ်မှုတွေကို အတူရင်ဆိုင်ဖြေရှင်းမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး မြန်မာ့အရေးဟာ ထိပ်တန်းအကြောင်းအရာ တစ်ခုအဖြစ် လွှမ်းမိုးနေခဲ့ပါတယ်။
2022-08-09
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေ၊ သတင်းသမားတွေဟာ သူတို့ရဲ့ လုံခြုံရေးအခြေအနေကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ အခုအချိန်အထိ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်သိန်းခွဲကျော် ရှိနေတယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
2022-08-08
NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ ပြည်သူတွေရဲ့အသက်တွေ စတေးခဲ့ရတာ အလဟဿ မဖြစ်ဘဲ ပိုမိုအားကောင်းတဲ့ တော်လှန်ရေး နောက်မျိုးဆက်တစ်ခု ပေါ်ထွက်လာအောင် အကူအညီပေးခဲ့တယ်လို့ ပြောသွားပါတယ်။
2022-08-08
တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရကို လူထုလူတန်းစားပေါင်းစုံ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ၈၈၈၈ - ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားခဲ့တာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ၃၄ နှစ်ပြည့်ပါပြီ။ ၈၈၈၈ - ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့်တဲ့အထိ မြန်မာပြည် ငြိမ်းချမ်းမှုမရှိဘဲ ပဋိပက္ခတွေ ပိုဆိုးလာတာဟာ ဝမ်းနည်းစရာကောင်းပေမဲ့ မဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ရှစ်လေးလုံးအထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သူတွေက ပြောပါတယ်။
2022-08-08
မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တစ်သန်း ကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2022-08-07
စစ်ကိုင်းတိုင်းအတွင်းကို စစ်ကောင်စီတပ်ဘက်က မြေပြင်ရော၊ ဝေဟင်ကနေပါ စစ်ကြောင်းထိုးနေတာကြောင့် ဩဂုတ်လ ပထမပတ်အတွင်းမှာတင် ရွာပေါင်း ၁၀ ရွာထက်မနည်းက နေအိမ်ပေါင်း ငါးရာနီးပါး မီးထပ်ရှို့ခံရပြီး ထွက်မပြေးနိုင်တဲ့ အဘွားအိုတစ်ဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-06
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၅ ရက်မနေ့မှာပဲ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကနေ ၂၁၀၀ ကျပ်ကို ပြောင်းလဲသတ်မှတ်ခဲ့သလို ပို့ကုန်လုပ်ငန်းတွေရဲ့ ရငွေကိုလည်း ၆၅ ရာခိုင်နှုန်းပဲ ဒေါ်လာနဲ့ပြန်လဲလှယ်ဖို့ အနည်းငယ် ဖြေလျှော့ခဲ့ပါတယ်။
2022-08-05
ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်ပြီးစီးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံနဲ့ နောက်ဆက်တွဲ ညီလာခံတွေမှာ မြန်မာနိုင်ငံအရေးနဲ့ ထိုင်ဝမ်ကိစ္စတွေက လွှမ်းမိုးနေခဲ့ပြီး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်လိုက်တဲ့ လုပ်ရပ်အတွက် စစ်ကောင်စီကို ဝေဖန်ခဲ့ကြပါတယ်။ ဒီညီလာခံကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ရှေ့နှစ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
2022-08-05
ကယားပြည်နယ် (ကရင်နီ) က စစ်ဘေးဒုက္ခသည်စခန်းအများစုမှာ ဇွန်လဆန်းကစပြီး ဆေးဝါးနဲ့ အစားအသောက် မလုံလောက်မှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
2022-08-05
စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၈ လအတွင်း မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ကဏ္ဍတွေမှာ အဘက်ဘက်က ယိုယွင်းပျက်စီးလာပြီး ကျရှုံးနိုင်ငံတစ်ခုအဖြစ်ကို ဦးတည်နေပြီလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
2022-08-04
သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ထပ်မံကွပ်မျက်ရန် စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်နေချိန်မှာ ပြည်တွင်းရှိ သံဃမဟာနာယက အဖွဲ့ကြီးအပြင် နာမည်ကျော် ဗုဒ္ဓဘာသာဆရာတော်တွေ၊ တခြားဘာသာရေးခေါင်းဆောင်တွေအနေနဲ့လည်း ထိရောက်စွာ ဝင်ရောက်ဟန့်တားသင့်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-08-04
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ လတ်တလော အကျဉ်းထောင်ထဲမှာ သေဒဏ်အမိန့်ချခံထားရသူ စုစုပေါင်း ၇၇ ဦးရှိနေပြီး စစ်ကောင်စီက ဦးဂျင်မီတို့ လေးဦးကို လက်တွေ့ ကွပ်မျက်လိုက်တာကြောင့် ကျန်သူအားလုံးရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်ထိတ်လန့်နေပါတယ်။