သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-12
AA က ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နေရပ်ပြန်ဖို့ ကြိုးစားကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပါတယ်။
2025-03-12
မလေးရှားမှာ တရားမဝင်နေထိုင်လို့ အဖမ်းခံရတဲ့ မြန်မာတွေကို ဖမ်းပြီးပြန်ပို့နေတဲ့အတွက် စစ်မှုထမ်းထဲ အဓမ္မအပို့ခံရမှာ စိုးရိမ်နေကြပါတယ်။
2025-03-11
အိုင်စီစီထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။
2025-03-11
ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အခုနှစ်ဆန်းပိုင်းကစပြီး လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။
2025-03-11
ထိုင်းအစိုးရဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ထားတာတွေက မြဝတီမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်သွားပြီး မြို့ခံတွေ စက်သုံးဆီဝယ်ယူဖို့ အခက်အခဲဖြစ်နေကြပါတယ်။
2025-03-11
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်မဲ့အပေါ် တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့နဲ့ နိုင်ငံရေးအင်အားစု ၁၁ ဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
2025-03-10
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နောက်နှစ်ဆန်းမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမယ်လို့ မတ် ၉ ရက်က ပြည်တွင်းအခြေစိုက်မီဒီယာတွေကို ပြောပါတယ်။
2025-03-10
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီးနောက် ရွာထဲမှာသတ်ဖြတ်ခံထားရသူ ၁၁ ဦးအလောင်း တွေ့ခဲ့ပါတယ်။
2025-03-09
BGF တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ငါးထောင်ဝန်းကျင်လောက်ကျန်နေသေးတယ်လို့ BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
2025-03-09
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ ဟိုပန်၊ မူဆယ်မြို့တွေမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတုန်းပဲ ဒေသခံတွေက ပြောကြပါတယ်။
2025-03-08
TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လာမယ့် ပညာသင်နှစ်အတွင်း အခြေခံပညာ စာသင် ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာပါ။
2025-03-08
ဒရုန်းယာဥ်တွေကို စစ်ရေးမှာ အသုံးပြုလာကြတာဟာ အာဏာရှင်အစိုးရနဲ့ သူတို့ကို တော်လှန်တိုက်ခိုက်နေသူတွေအကြား ကွာဟနေတဲ့ အင်အားချိန်ခွင်လျှာကို အများကြီး ပြောင်းလဲသွားစေပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
2025-03-08
အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ နေ့စဥ် အကြောက်တရားတွေနဲ့ ရှင်သန်နေကြရပြီး ကဏ္ဍပေါင်းစုံမှာ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။
2025-03-07
စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့ စစ်တွေမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် စားဝတ်နေရေး အခက်အခဲနဲ့ ကြုံနေကြရပါတယ်။
2025-03-07
စစ်ကောင်စီတပ်ဟာ အနီအောက်ရောင်ခြည် ဒါမှမဟုတ် အပူလှိုင်းခြေရာခံ ညကြည့်စနစ်ပါဝင်တဲ့ နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုလာတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။