သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-04
မနက်ဖြန် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကြ မယ့် မြန်မာနဲ့ ထိုင်းအသင်းအတွက် လက်မှတ်တွေ ကုန်သွားပြီလို့ ကြေညာလိုက်တဲ့အတွက် ပွဲကြည့်လို သူ ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။
2016-12-02
သယံဇာတပေါကြွယ်တယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လက်ရှိဓါတ်သတ္တုထုတ်ယူမူလုပ်ငန်းများဟာ ပရမ်းပတာဖြစ်နေတယ်လို့ဆိုပါတယ်။ အဓိကက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာတွေ၊ ဦးစီးဦးဆောင်သူတွေ ရဲ့ စေတနာအပြင် ကိုယ်ကျိုးရှာခဲ့ကြတာရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဝေဖန်သူတွေ က ပြောပါတယ်။
2016-12-02
၂၀၁၆ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လွတ်လပ်ခွင့်မရှိဆုံး အာရှနိုင်ငံတွေထဲမှာ သတ္တမအဆင့်မှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဦးခင်မောင်ညိန်း က ဆက်လက်တင်ပြပါလိမ့်မယ်။
2016-12-01
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူ စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်ပြီး၊ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။
2016-11-29
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပေါ်ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိချမှတ်မယ့် ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကို တင်ပြထားပြီလို့ သိရပါတယ်။
2016-11-29
မြန်မာလူမျိုးတွေရဲ့ သည်းခြေကြိုက် ခေတ်သစ်ငါးပိလုပ်ငန်းမှာ ငါးပိမြန်မြန်နပ်ဖို့ ယူရီးယား ဓါတ်မြေသြဇာကိုသုံးပြီး၊ ယင်မနားအောင် ပိုးသတ်ဆေးတစ်မျိုး ကိုသုံးနေကြတယ်လို့ သိရပါတယ်။
2016-11-28
ကမ္ဘာတလွှား လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ လူမှုကွန်ရက် စာမျက်နှာတွေ အပါအဝင် အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုရေးသားဖတ်ရှုခွင့်မရကြဘူးလို့ အမေရိကန်အခြေစိုက်အဖွဲ့ကြီးက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2016-11-28
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဆိုင်ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့်ဒီဇင်ဘာလ (၂) ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်ဘက်ကို သွားရောက်ဖွယ်ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။
2016-11-26
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ဂီတဖြေဖျော်ပွဲ ကျင်းပပြီး အလှူငွေကောက်ခံနေ တာဖြစ်ပါတယ်။
2016-11-22
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့)နဲ့ MNDAA (ကိုးကန့်အဖွဲ့) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပူပင်စိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောကြပါတယ်။
2016-11-21
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ် မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ တခြားဒေသတွေမှာလည်း အလားတူ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်းနဲ့ ဒီအခြေအနေတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကို ထိခိုက်မှုရှိနေပြီလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်၊၊
2016-11-20
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် နဲ့ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ စက်ရုံပေါင်း ၂၀ ကျော်က အလုပ်သမား ၂ ထောင်နီးပါးဟာ တစ်ရက် အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ် ရရှိဖို့ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-11-20
ပြစ်မှုဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတဲ့ အသရေ ဖျက်မှု၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပေါ်ပေါက် လာတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ မီဒီယာ ဥပဒေတွေ အကြောင်းနဲ့၊ မီဒီယာ ဥပဒေနဲ့ ဖြေရှင်းသင့်တဲ့ အမှုအခင်းတွေကို ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-11-19
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-11-18
ခုတလော မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်တိုက်ဆိုသလိုကြားလာနေရတဲ့ သက်ငယ် မုဒိမ်းမှုတွေ၊ ကလေးခိုးမှုတွေနဲ့ ပတ်သက်ပြီး မိဘပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက် လာနေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။