သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-24
တရုတ်-အာဆီယံဆက်ဆံရေး၊ တောင်တရုတ် ပင်လယ်အရေးနဲ့ တရုတ်နိုင်ငံကနေ အာရှအလယ် ပိုင်းနဲ့ အာရပ်ကမ္ဘာကိုဆက်သွယ်မယ့် one belt one road တကြောင်းတည်းသော ပတ်လမ်း အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-11-23
ရခိုင်ပြည်နယ်အရေးမှာ “ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ” ရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကြေညာထုတ်ပြန်လိုက်ပါတယ်။
2017-11-23
၀န်ကြီးဌာန အသစ်နှစ်ခု ထပ်တိုးဖွဲ့စည်းဖို့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ရာမှာ အရင်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတက အဆိုပြုထားတဲ့ ဦးသောင်းထွန်းကို ကန့်ကွက်ခဲ့ပါတယ်။
2017-11-23
ကရင်ပြည်နယ် ဘားအံမြိုနယ်ရှိ လွန်းညတောင်ကို ကရင်နယ်ခြားစောင့်တပ် BGF နဲ့ တရုတ်ကုမ္ပဏီတို့ပေါင်းပြီး ကျောက်ထုတ်လုပ်ဖို့ပြင်ဆင်နေတာကို လွန်းညနဲ့ ကမော့မိုစတဲ့ ကျေးရွာသားတွေက ကန့်ကွက်နေကြပါတယ်။
2017-11-23
ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် အယောက် ၅ ထောင်ကျော်ဟာ နိုဝင်ဘာ ၂၉ မှာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့အတူ ဝတ်ပြုဆုတောင်းကြဖို့အတွက် ရန်ကုန်မြို့ကို လာရောက်နေကြပြီဖြစ်ပြီး အဲဒီအထဲက ၃ ထောင်ကျော်ဟာ မြန်မာ့မီးရထားက စီစဉ်ထားတဲ့ မြစ်ကြီးနား-ရန်ကုန် တိုက်ရိုက်သီးသန့်ရထားနဲ့ မြစ်ကြီးနားကနေ ဒီကနေ့ စတင်ထွက်ခွာလာကြပြီဖြစ်ပါတယ်။
2017-11-22
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရ၊ တိုယိုထိုင်းကုမ္ပဏီ၊ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေ ဒီနေ့ ဘားအံမြို့ ကြားတောရကျောင်းမှာ ပထမဆုံးအကြိမ် စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။
2017-11-22
မြန်မာနိုင်ငံရဲ့ လက်ရှိအုပ်ချုပ်ရေးယန္တယားအရ ပြည်သူနဲ့ အနီးစပ်ဆုံးအုပ်ချုပ်ရေးအာဏာပိုင်ဟာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဖြစ်နေပါတယ်။ ဒါကြောင့် ၅ နှစ်မှတကြိမ်ရတဲ့ ရပ်ကွက်/ ကျေးရွာဥက္ကဌ ရွေးကောက်ပွဲအခွင့်အလမ်းကို ပြည်သူတွေအနေနဲ့အကျိုးရှိရှိ အသုံးချသင့်တယ်လို့ နားလည်သူတွေက အကြံပေးနေကြပါတယ်။
2017-11-22
ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတို့မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ရဲ့ လုပ်ငန်းတွေကို ကွင်းဆင်းစိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစိုးရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကေ်ာမတီရဲ့ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2017-11-22
NLD အစိုးရက အသစ်ပြန်လည်ဖွဲ့စည်းမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်အပေါ် လူထုရဲ့ အမြင်နဲ့သုံးသပ်ချက်တချို့ကိုတော့ မသင်းသီရိ စုစည်းတင်ဆက်ထားပါတယ်၊
2017-11-22
ကလေးတွေအတွက် အချိုရည် ကြာရှည် သောက်သုံးတာဟာ ဘေးအန္တရာယ်ရှိကြောင်း မခက်မာက စုစည်းတင်ပြမှာပါ။
2017-11-22
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2017-11-22
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC 1 မှာ ၂ ရက် ကျင်းခဲ့သည့် (၁၃) ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
2017-11-20
နေပြည်တော်မှာ ကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအတွင်း ရခိုင်ပြည်နယ်အရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးလာနိုင်တဲ့အပေါ် အမြင်နဲ့ သုံးသပ်ချက် တချို့ကို မသင်းသီရိက ဆက်ပြောပြမှာပါ။
2017-11-20
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ စာပေးပို့ထားကြောင်း နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
2017-11-20
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ လွတ်မြောက်ရေးအတွက် ဆရာတော် လွတ်မြောက်ရေး ကြိုးစားနေတဲ့အဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။