သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-05
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲမှာ လူသတ်မှုတွေ မကြာခဏပေါ်ပေါက်နေတဲ့အတွက် ရဲအင်အားထောင်နဲ့ချီ ထပ်တိုးပြီးချထားလိုက် တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
2018-07-04
ရိုဟင်ဂျာအကျပ်အတည်းကို တရုတ်ကပေးထားတဲ့အကြံပြုချက် ၃ ချက်အတိုင်း မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်က ဆက်ပြီးအကောင်အထည်ဖေါ်နေတယ်လို့ တရုတ်နိုင်ငံထုတ် Global Times သတင်းစာမှာ မနေ့ကဖေါ်ပြထားပါတယ်။
2018-07-03
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက မြေအောက်ဂူတခုမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ သူတို့ကို ပြန်လည်ကယ်ဆယ်ရေးအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဦးခင်မောင်စိုးက တင်ပြထား ပါတယ်။
2018-07-02
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Seduno အထည်ချုပ်စက်ရုံဟာ စက်ရုံဆက်လက် ရပ်တည်ဖို့ ခက်ခဲတဲ့အတွက် ဇွန်လ ၁ ရက်နေ့ကစပြီး စက်ရုံကို ပိတ်သိမ်းလိုက်ပါတယ်။
2018-07-02
Wright ညီနောင် ၁၉၀၃ ခုနှစ်က တီထွင်ခဲ့တဲ့လေယာဉ်ပျံဟာ လူလိုက်ပါမောင်းနှင် တဲ့လေယာဉ်ဖြစ်ပြီး ဒီနေ့မှာတော့ မောင်းသူမဲ့ drone လေယာဉ်တွေ တွင်ကျယ်တဲ့ခေတ်ဖြစ် လို့နေပါပြီ၊ စ သုံးတုန်းကတော့ စစ်ရေး အတွက်ဖြစ်ပြီး ခုတော့ နေရာမျိုးစုံသုံးနေပါတယ်။
2018-06-30
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံး နည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နိမိတ်ကို ကျော် လွန်ပြီး တခြား တိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့် အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။
2018-06-29
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေရပ်စဲဖို့အဆိုနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူဦးရေ သုံးပုံနှစ်ပုံမပြည့်တဲ့အတွက် စွပ်စွဲချက်မမှန်ကန်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
2018-06-29
ရခိုင်ပြည်နယ်အရေး နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထားနဲ့ပတ်သက်ပြီး ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-06-29
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာဟာ အစိုးရနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်
2018-06-28
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ဟာ စစ်တွေမြို့မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတချို့ အပါအဝင် ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2018-06-28
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက စုံစမ်းအရေးယူပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။
2018-06-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမယ်လို့ ပြောဆို ခဲ့ကြောင်း Bangkok Post မှာ ရေးသားထားတာ မှားယွင်းတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2018-06-27
၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရေးအတွက် အစိုးရက ကြိုးစားနေပါတယ်။
2018-06-27
ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ဒီအစိုးရသက်တမ်းအတွင်း ပိတ်သိမ်းနိုင်ရေးအတွက် အစိုးရက ကြိုးပမ်းနေပါတယ်။
2018-06-27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေ ရထားတယ်လို့ AI လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။