သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-06
ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ၃ ရက်မြောက်နေ့မှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဖဲ့ွစည်းလိုက်ပြီး ကော်မရှင် ဥက္ကဌအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းကို တာဝန်ပေးအပ်လိုက်ပါတယ်။
2016-02-05
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အသတ်ခံခဲ့ ရတဲ့ မသီတာထွေးရဲ့ ဖြစ်ရပ်အကြောင်း ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတဲ့ "အမည်းရောင်နေ့စွဲများ" ဗီဒီယိုကို ဆရာတော် ဦးဝီရသူက Facebook လူမူကွန်ရက် မှာ ဖြန့်ခဲ့ပါတယ်။ အဲ့ဒီလို ဖြန့်ဝေခဲ့တဲ့အတွက် အမုန်း တရားတွေ ပြန့်နှံ့ပြီး မတည်ငြိမ်မူတွေ ဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေ ဖြစ်လာနေပါတယ်။
2016-02-05
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ကန့်သတ်ချက်ဖြစ်နေတဲ့ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားရေးနဲ့ပတ်သက်ပြီး လာမယ့် ရှေ့အပတ်လွှတ်တော်ထဲမှာ တင်သွင်းနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-02-04
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော် အမျိုးသားလွှတ်တော်အဆာင်မှာ ကျင်းပလိုက်ပြီး တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ တွေ အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-02-04
ရွေးကောက်ပွဲကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက အပြန်အလှန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တင်ပြထားတာ ကန့်ကွက်ထားတဲ့အမှုပေါင်း ၅ဝ နီးပါးရှိပါတယ်။ ဒီကနေ့ အမှု ၉ မှုကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ စစ်ဆေးခဲ့ပါတယ်။
2016-02-03
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်တော်ထဲမှာ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပက သတင်းထောက်တချို့ ဒီကနေ့ညနေပိုင်းကတွေ့ဆုံပြီး လွှတ်တော်သတင်းရယူရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
2016-02-03
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို လွှတ်တော်မှာ မနေ့ညနေက တွေ့ဆုံပြီး လွှတ်တော် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ ရာထူးတွေရွေးချယ်ခဲ့ပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-02-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေ ဘယ်သူတွေလဲဆိုတဲ့ အမည်စာရင်းတွေ ထွက်ပေါ်နေပါတယ်။
2016-02-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပနိုင်နေပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရာထူးကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ရှိတယ်လို့ NLD ခေါင်းဆောင်တွေက ပြောပါတယ်။
2016-02-02
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမဆုံးနေ့မှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဒုတိယဥက္ကဌ ဦးတီခွန်မြတ် တို့ကို ရွေးချယ်တင်မြှောက်လိုက် ပါတယ်။
2016-02-01
နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမဆုံးနေ့ကို ကျင်းပလိုက် တဲ့နေ့ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကအဖြစ်ဦးဝင်းမြင့် ၊ ဒုတိယဥက္ကဌအဖြစ် ဦးတီခွန်မြတ်တို့ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-01-31
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းရဲ့ ပထမ ဆုံးနေ့ လွှတ်တော်အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီး က အနိုင်ရအမတ်တွေ ဘာတွေပြင်ဆင်ထားပြီး ပြီလဲ၊ ကိုယ်စားလှယ်အသစ်တွေအတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတာနဲ့ပတ်သက် ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုဘုန်းမြတ်က စုစည်းတင်ပြထားပါတယ်။
2016-01-31
လာမယ့်အစိုးရသစ်အတွက် နိုင်ငံတော်သမ္မတလောင်း အဖြစ် ဖြစ်လာနိုင်သူတွေကို ထင်ကြေးပေးနေကြ တာတွေ ရှိပါတယ်။
2016-01-30
ဒုတိယအကြိမ် လွတ်တော်မှာ အများစုအနိုင်ရထား တဲ့ NLD ပါတီက ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ ဘယ်လိုဥပဒေလမ်းကြောင်းတွေနဲ့ ကြိုးပမ်း လာနိုင်သလဲဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-01-30
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်နောက်ဆုံးနေ့မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က နှုတ်ဆက်စကားပြောရာမှာ လွှတ်တော်ရဲ့ အားနည်းချက် အားသာချက်တွေကို ရှင်းပြခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ ထူးခြားချက်တွေကို ဟာသနှောပြီး ပြောခဲ့ပါတယ်။