သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-12
မြန်မာကာတွန်းနှစ် ၁ဝဝပြည့်သက်တမ်းမှာ မြန်မာ ကာတွန်းဆရာတွေရဲ့ နိုင်ငံရေး လူမှုရေးအမြင်တွေနဲ့ ကာတွန်းတွေကို လူထုက ပြန်လည် စိတ်ဝင်စားလာ တာတွေ့ရပါတယ်။
2016-01-12
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေသူတချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-01-12
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတဲ့ ၁၀ လပြည့် အထိမ်းအမှတ်ပန်းချီပြပွဲ မှာ ပန်းချီဆရာအယောက် ၁၀၀ လောက်ရဲ့ ပန်းချီကား ၂၀၀ ကျော်ကို ပြသထားပါတယ်။
2016-01-11
နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မီးလောင်ဆုံးရှုံးခဲ့ရ တဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးက ဈေးသူ၊ ဈေးသားတွေ နဲ့ တွေ့ဆုံပြီး နိုင်ငံတော်သဘာဝဘေးအန္တရာယ် ကူညီထောက်ပံံ့ရေး ရန်ပုံငွေကနေ ဆိုင်ခန်းတစ်ခန်း ကို ကျပ်ငါးသိန်း ကနေ ၁၀ သိန်းအထိ ထောက်ပံ့ပေး သွားမှာဖြစ်ပြီး ယာယီဈေးကို ရွှေပြည့်စုံဈေး နဲ့ ရွှေမင်္ဂလာဈေး ကားပါကင် နေရာမှာ တည်ဆောက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ ပါတယ်။
2016-01-10
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ AA ရခိုင့် တပ်မတော်အကြား တိုက်ပွဲတွေ ရပ်တန့်ရေး အတွက် မြောက်ဦးမြို့မှာ ဒေသခံ ၁ဝဝဝ ကျော်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-01-10
ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကြမ်း နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လာမယ့်ဇန်နဝါရီလ ၁၁ ရက်နေ့ လွှတ်တော်မှာ တင်သွင်းဖို့ရှိပါတယ်။
2016-01-10
အခုမီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးကြီးအပါအဝင် ပြန်ဆောက်လုပ်တဲ့ ဈေးသစ်ကြီးတွေဟာ ဈေးအင်္ဂါရပ်နဲ့ မညီကိုက်တဲ့ ဆောက်လုပ်မှုတွေအပြင် ဈေးစည်ပင်အဖွဲ့ရဲ့ စီမံခန်ခွဲမှု အားနည်းတာတွေ အများကြီးကြုံနေရတယ်လို့ ထောက်ပြချက်တွေ ရှိနေပါတယ်။
2016-01-08
ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တပ်တွေ အကြား စစ်ရေးပဋိပက္ခမဖြစ်အောင် စောင့် ကြည့်နိုင်ဖို့အတွက် ဇန်နဝါရီ ၇ ရက်နေ့ မနေ့က ကနေ ဒီကနေ့ အထိ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းက ပြည်ခိုင်ဖြိုးရွာလို့ နာမည်တပ်ထားတဲ့ ကျေးရွာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြို့နယ်ပါတီတာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြန်လည်ဖြုတ်သိမ်းနေပါတယ်။
2016-01-07
အရပ်ဘက်အုပ်ချုပ်ရေးဌာနတွေမှာ စစ်တပ် ကပြောင်းလာတဲ့ အငြိမ်းစားအရာရှိတွေ ခန့်ထား မှုတွေကို ဆန့်ကျင်တဲ့ ဖဲကြိုးပြာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက လျှပ်စစ်အင်ဂျင်နီယာတွေကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-01-07
လာမယ့် ဇန်နဝါရီ ၈ ရက်၊ ၉ ရက် နေ့တွေမှာကျင်းပမယ့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ပြဿနာတွေကို ဖြေရှင်းမယ့် အစည်းအဝေးအတွက် အသေးစိတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-01-07
လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးအရေးယူတော့မယ်လို့ သိရပါတယ်။
2016-01-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အစိုးရသစ်လက်ထက် မှာ ဖောင်းပွနေတဲ့ဝန်ကြီးဌာနတွေကို လျှော့သင့်တာလျှော့ ပေါင်းသင့်တာပေါင်းမှာဖြစ်တယ်လို့ မကြာခင်ဖွဲ့စည်းမယ့် အစိုးရသစ်ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တဲ့အတွက် အစိုးရဝန်ထမ်းလောကမှာ လှုပ်လှုပ်ရှားရှားအသံတွေ ထွက်လာပါတယ်။
2016-01-07
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခေါ်ယူကျင်းပတော့မှာ ဖြစ်ပြီး လွှတ်တော်ဥက္ကဌတွေနဲ့ သမ္မတ ရွေးချယ်ပုံ လုပ်ငန်းတွေကို RFA အဖွဲ့သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-01-07
၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ အားကောင်းတဲ့ အယ်နီညိုရာသီဥတုနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။