သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-03
ရခိုင်ပြည်နယ်မှာ အခုနောက်ပိုင်း စာပေဟောပြောပွဲတွေအပေါ် တင်းကြပ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိလာနေတဲ့အတွက် ရခိုင်စာပေအသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ များလာနေပါတယ်။
2018-04-02
နှစ်နှစ်သား NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာချိန်မှာ ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ စာတန်းထိုးဖော်ပြ တဲ့ မြန်မာစာအရေးအသားတွေနဲ့ ပရိသတ်က ယဉ်ပါးနေချိန်ဖြစ်နေပါတယ်။
2018-03-31
NLD ပါတီ အာဏာရလာတာ ခုဆို ၂ နှစ် တင်းတင်း ပြည့်ပါပြီ။ NLD ပါတီ ပြတ်ပြတ်သားသား အနိုင်ရဖို့ မြန်မာနိုင်ငံသားတွေ ပုံအောမဲပေးခဲ့ ကြပါတယ်။
2018-03-31
မတ်လ ၂၈ ရက်နေ့က သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးဝင်းမြင့်ဟာ သာမာန်ပြည်သူလူထုကြားက မွေးဖွားလာပြီး ပြည်သူနဲ့ တသားတည်းရှိခဲ့သူဖြစ်တာကြောင့် အခြေခံလူထုရဲ့အရေးကို အလေးပေး ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ အလုပ်သမား၊ လယ်သမားလူတန်းစား ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
2018-03-29
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်ရက်စက်မှုတွေအတွက် တပ်မတော်မှာတာဝန်ရှိတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-03-29
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ရွေးချယ်လိုက်ပါတယ်။ ဦးဝင်းမြင့် သမ္မတတာဝန်ထမ်းဆောင်တဲ့အခါ တရားဒဥပဒေစိုးမိုးရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတွေ ပိုမိုမြန်ဆန်လာမယ်လို့ မျှော်လင့်ကြသူတွေရှိနေပါတယ်။
2018-03-27
ဗြိတိန်မှာနေထိုင်တဲ့ ရုရှား နှစ်ဘက်သူလျှိုကို အဆိပ်ခတ်မှုနဲ့ ဆက်စပ်ပြီး ရုရှားသံတမန်တွေ အများအပြားကို ကမ္ဘာ့ ၂၅ နိုင်ငံက နှင်ထုတ်လိုက် ပါတယ်။ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ဖွယ်မရှိဘဲ အရင် ဆိုဗီယက်ပြည်ထောင် စုဟောင်းကရော ဆိုဗီယက်ပြည်ထောင်စုပြိုကွဲလို့ ခွဲထွက်ချိန်မှာပါ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်နေ တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထား ပါတယ်။
2018-03-26
နှစ်နှစ်သား NLD အစိုးရ ဆက်ခံရတဲ့ ကောင်းမွေ-ဆိုးမွေတွေထဲ မြန်မာစာအဆင့်အတန်း ကျဆင်းနေတာလည်းပါပြီး၊ လူထုကြားအမြန်ဆုံး ပျံ့နှံ့ရောက်ရှိတဲ့ သတင်းစာအရေးအသားတွေက မရှင်းလင်းဘဲ တခါတခါ တပ်ထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြတဲ့ သတင်းမလွဲပေမဲ့ သတင်းဖတ်ရသူတွေ ဇဝေဇဝါဖြစ်ရတာတွေရှိတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-03-23
ဒီကနေ့ခေတ်မှာ ကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်၊ ပညာသင်ကြားနိုင်မယ့် ကြားခံဘာသာ စကားဖြစ်တဲ့ အင်္ဂလိပ်စာကို မြန်မာကလေးတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့အတွက် ကျောင်းတွေမှာ နှစ်ပေါင်းများစွာသင်ကြားခဲ့တဲ့ သင်ရိုးညွှန်းတန်းတွေကို ပြင်ဆင်ရမယ်လို့ အင်္ဂလိပ်စာဆရာတွေက ပြောပါတယ်။
2018-03-23
မကြာခင်ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မယ့် သမ္မတသစ်ဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အပြည့်အဝရပြီး ပြည်သူလူထုကြားနဲ့ နိုင်ငံရေးမျက်နှာစာမှာ ပိုမြင်တွေ့လာနိုင်ဖို့ နိုင်ငံရေးအသိုင်းအဝိုင်းကြား မျှော်လင့်ချက်တွေရှိနေပါတယ်။
2018-03-22
ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို ရွေးချယ်လိုက်တာဟာ ပြည်သူတွေ မျှော်မှန်းထားတဲ့ ရွေးချယ်မှုမျိုးမဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေသလို တစ်ဖက်မှာလည်း လွှတ်တော်အတွင်း ပါတီစွဲနဲ့ အားပြိုင်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။
2018-03-21
သမ္မတတာဝန် နှစ်နှစ် ထမ်းဆောင်ပြီးနောက် ဒီနေ့မှာပဲ ဦးထင်ကျော်ဟာ တာဝန်တွေကနေ အနားယူလိုတာကြောင့်ဆိုပြီး နုတ်ထွက်လိုက်ပါတယ်။
2018-03-21
လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ တားဆီးပိတ်ပင် မှုတွေဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ အနှစ် ၃၀ ကြာ ဆုတ်ကိုင်ဆောင်ရွက်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေးမူဝါဒအတွက် အထောက်အကူမဖြစ်ဘူးလို့ ထောက်ပြတာတွေ ရှိနေပါတယ်။
2018-03-21
မနေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၇ နှစ် အရွယ် ပထမတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အမှုနဲ့ပတ်သက်ပြီး အမှုကျူးလွန်သူကို ထုတ်ပေးဖို့ လူအုပ်စုက မန္တလေးအမှတ် (၄) ရဲစခန်းမှာ တောင်းဆိုရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
2018-03-19
မတ်လကုန်လို့ ဧပြီလဆန်းရင် NLD အမျိုးသားဒီမိုကရေစီအစိုးရသက်တမ်း နှစ်နှစ် ရှိပါတော့မယ်။ ဒီနှစ်နှစ်အတွင်း မြန်မာ့ စာပေရေစီးကြောင်း အားကောင်းအောင် တဘက်တလမ်းက ပံ့ပိုးပေးတဲ့သဘောဆောင်တဲ့ ၂၀၁၇ စာပေညီလာခံဟာ မဆလခေတ်က ကျင်းပတဲ့ ညီလာခံမျိုးလို မဟုတ်ဘဲ စာပေနယ်က လူတိုင်းတက်ရောက်ခွင့်ရပါတယ်။