သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-19
ဒီနေ့ကမ္ဘာမှာ ကလေးလုပ်သား ၁၅၂ သန်းရှိနေပြီး မြန်မာနိုင်ငံမှာလည်း လ္ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စက်ရုံတွေအပြင် ကလေးတွေနဲ့ မအပ်စပ်တဲ့နေရာတွေမှာ ကလေးလုပ်သားတွေ ရှိနေပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူထုတ်ဖို့ကိစ္စ ပြည်သူလွှတ်တော်မှာ အဆိုအောင်မြင်သွားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ အရပ်သား ကိုယ်စားလှယ်တွေကြား အမြင်မတူတာ ရှင်းရှင်း လင်းလင်တွေ့မြင်လိုက်ရတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
2017-11-17
အစိုးရဝန်ကြီးဌာန အာဏာပိုင်တွေအနေနဲ့ သတင်းမီဒီယာကို ပြောသင့်တာတွေပြောဖို့ ခေါင်းရှောင်နေကြတာကြောင့် နိုင်ငံအတွက် ဆုတ်ယုတ်ထိခိုက်မှုတွေဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်ကြသူတွေ ရှိနေပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-11-16
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဝေါ်ရလောက်အောင် အချက်အလက်ပြည့်စုံရဲ့လားဆိုတာ ဆက်လက် သုံးသပ်လေ့လာဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်က မနေ့က ပြောကြားလိုက်ပါတယ်။
2017-11-15
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ရဲ့ လုပ်ငန်းတချို့ဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတာတွေ စစ်ဆေးတေ့ွရှိထားတယ်လို့ MICA ရဲ့ လုပ်ငန်းတွေကို စိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော်၊ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေက ပြောပါတယ်။
2017-11-15
အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် အရေးယူမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောလိုက်ပါတယ်။
2017-11-15
ဧရာဝတီတိုင်း ဖျာပုံခရိုင်ထဲက ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံနေရတဲ့ ရေလုပ်သားတွေရှိနေပါတယ်။
2017-11-15
နေပြည်တော်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုဝင်ဘာ ၁၅ ရက် မနေ့ကကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်-တီလာဆန်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တချို့ကို ဒေါ်စမ်းစမ်းတင် က ကောက်နုတ်တင်ပြထားပြီး မခက်မာ က ဖတ်ကြားထားပါတယ်။
2017-11-15
ရခိုင်ပြည်နယ်မှာ နိုင်ငံသားနဲ့ဆိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာရှိသူတွေကိုသာ ပင်လယ်ပြင်ငါးဖမ်းခွင့် ပြုမယ်လို့ အစိုးရကသတ်မှတ်လိုက်တာကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ မွတ်စလင်တွေ ငါးဖမ်းလုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းထားကြပါတယ်။
2017-11-15
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်မယ့် သဘောထားကြေညာချက်မူကြမ်းမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြတာ မတွေ့ရပါဘူး၊ ဒီအခြေအနေအပေါ် သုံးသပ်ချက်တွေအပြင် အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း ရခိုင်ပြည်နယ်အရေး ဆွေးနွေးချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-11-14
ကမ္ဘာ့လေထုဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဘွန်ဓာတ်ငွေ့တွေများလာချိန်မှာ ကရင်ပြည်နယ်မှာ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဘောင်ထက်ကျော်လွန်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာကို လူထုက စိုးရိမ်မကင်း ဖြစ်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-11-13
ဒီနေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့နဲ့ စပ်လျဉ်းပြီး၊ အမျိုးသားရေး၊ အမျိုးသားနေ့ဆိုတဲ့ ဝေါဟာရအနက် အဓိပ္ပါယ်နဲ့ တိုင်းရင်းသား လူမျိုးတွေကြားကခံစားချက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-11-12
အုပ်စုချင်း အသိုင်းအဝိုင်းကြားချင်း ပဋိပက္ခ၊ ဦးနှောက်ယိုစီးမှုနဲ့ နိုင်ငံသူနိုင်ငံသား ပြည်ပထွက်သွားမှု၊ စီးပွားရေးမညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ လုံခြုံရေး အခြေအနေစတာတွေနဲ့ နိုင်ငံတစ်နိုင်ငံ အောင်မြင်နေသလား ဆုံးရှုံးနေသလားဆိုတာ တိုင်းတာလေ့ရှိပါတယ်။
2017-11-11
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးသူတွေအတွက် SIM ကဒ်တွေ မှတ်ပုံတင်ဖို့ကို ၂၀၁၆ ခုနှစ်ထဲက ကြိုးစားခဲ့ပြီး ထိုင်း၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းသုံးသူတွေ ဆင်းကဒ်မှတ်ပုံတင်တဲ့အခါ ဓါတ်ပုံဖြစ်စေ၊ လက်ဗွေဖြစ်စေ ပေးရမှာဖြစ်တယ်လို့ ကန့်သတ်ကြေညာလိုက်ပါတယ်။
2017-11-11
ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီးက ညွှန်ကြားတာဟာ ဒေသဆိုင်ရာလိုအပ်ချက်ကြောင့်လို့ ပြောဆိုသူတွေရှိသလို၊ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် တစ်စုံတစ်ယောက်က တရားစီရင်ရေးကို ဦးတိုက်လျှောက်ထားခွင့်ရှိတယ်လို့လည်း ထောက်ပြမှုတွေရှိပါတယ်။